Friday, October 7, 2016

သူရသတီဆုတောင်းဂါထာ

ဥုံ ဥသျှောင်ပါးနား နှုတ်ဖျားလျှာက စောင့်ထ သူရသတီ အညီမကွာ လိုရာတ တိုင်းရစေသော် ဥုံ ငါ၏အသံ တရံကြားက သားနှင့်အညီ ညီနှင့်အမျှ အမအလား ချစ်တွေပွားကာ စီးပွားဥစ္စာ ငါ့ကိုဆောင်စေသော် ဥုံ တာယာသိဒ္ဓိ ဝန္ဒာမိ လေးကျွန်း လေးမျက်နှာ နေမင်းကား ငါ့ အဖ လမင်းကား ငါ့ အမိ သွားလေရာရာ မဟာဂီရိနတ်မင်းကြီးသမီး မစေသော် ဥုံ တုဋ္ဌေဟိ တုဋ္ဌေဟိ မမ တုဋ္ဌေဟိ ပိယေဟိ ပိယေဟိ မမ ပိယေဟိ တုယှံ တုယှံ ခိပ္ပသိဒ္ဓိ ခိပ္ပသိဒ္ဓိ ဓာရေယျ ဓာရေယျ ဝါရေယျ ဝါရေယျ ဖုဋ္ဌသ ဖုဋ္ဌသ ဗန္ဓတ္တ ဗန္ဓတ္တ ဓူရေ ဓူရေ သွာလေဟုံဟုံ ။ ဤဆုတောင်းဂါထာအား နံနက် အိပ်ယာထ ( ၇ ) ခေါက် ညအိပ်ယာဝင် ( ၇ ) ခေါက် နေ့စဉ်မပျက် ရွတ်ဆိုပေးပါ စီးပွားရေး လူမှုရေး ပညာရေး အချစ်ရေး အစစအရာရာ မိမိတို့၏ ဘဝလမ်းခရီးတွင် အခြားသူထက်ပိုမို၍ အောင်မြင်စေမည် ဖြစ်သည် ။

ဓာတ်ကိုးပါး ကျင့်စဉ်

၁။ ခန္ဓာ နှင့် ဋ္ဌာန သန့်ရှင်း ၂။ စိတ္တဝိသုဒ္ဓိ ဖြစ်ရန်လိုအပ် ၃။ နုဿတိလေးပါး ( ဗုဒ္ဓ ၊ မရဏ ၊ အသုဘ ၊ မေတ္တာ ) ၄။ အာနာပါန အလင်းနိမိတ်ထိရအောင်လုပ် ၁။ သူရိယနေမင်း ( အပူ တေဇော ) ၂။ စန္ဒာလမင်း ( အေးမြ ) ၃။ ပထဝီ ( ကမ္ဘာမြေကြီး ခိုင်ခန့်မှု ) ၄။ အာပေါ ( ရေပြင် ) ၅။ ဝါယော ( လေ ) ၆။ အာကာသ ( ဟင်းလင်းပြင် ) ၇။ အမြူတေဓါတ် ( ပရာဏ ) ၈။ လျှပ်စီး ( မိုးကြိုး ) ၉။ အရိယာ ( ဘုရား ၊ ရဟန္တာ ၊ သူတော်စင် ) ၁။ တောင်ပေါ်မှာထိုင်ကျင့်တဲ့နိမိတ်ယူ ပိုကောင်း၏ ။ ၂။ သီလ သမာဓိ ပညာ မရှိပဲ မကျင့်ရ ။ ၃။ အရိယာ = ဒေဝတာနုဿတိ ( မြုပ် ) ။ ၄။ အာနာပါနကို ၃ ဆင့်လောက်အထိအရင်ကျင့်ထားပါ ( သတိ ၊ တိုရှည် ၊ စလယ်ဆုံး ) ၅။ မရဏနုဿတိ = သေတတ်သောသဘော ၆။ အသုဘဘာဝနာ = ပျက်စီး အနှစ်သာရမရှိ ရွံစရာ ၇။ ဓာတ်တွေကို မြင်အောင်ကြည့် စိတ်နဲ့ဆွဲယူပြီး မိမိကိုယ်မှာ တည်ကိန်းပျံ့နှံ့နေမှုကို လေ့ကျင့်ပါ ။ ၈။ သီလဝိသုဒ္ဓိ လိုအပ်သည် ။ ၉။ ရှေးဟောင်းပွဲကျောင်းဆရာများလေ့ကျင့်သော ပညာတစ်ခုလဲ ဖြစ်၏ ။ ၁၀။ ပွဲကျောင်းဆရာကြီးများက နဝရတ်ကိုးပါးကျင့်စဉ် ဟုခေါ်ကြသည် ။ ၁၁။ အကျိုးကား မကုန်နိုင် ။