Friday, October 7, 2016

သူရသတီဆုတောင်းဂါထာ

ဥုံ ဥသျှောင်ပါးနား နှုတ်ဖျားလျှာက စောင့်ထ သူရသတီ အညီမကွာ လိုရာတ တိုင်းရစေသော် ဥုံ ငါ၏အသံ တရံကြားက သားနှင့်အညီ ညီနှင့်အမျှ အမအလား ချစ်တွေပွားကာ စီးပွားဥစ္စာ ငါ့ကိုဆောင်စေသော် ဥုံ တာယာသိဒ္ဓိ ဝန္ဒာမိ လေးကျွန်း လေးမျက်နှာ နေမင်းကား ငါ့ အဖ လမင်းကား ငါ့ အမိ သွားလေရာရာ မဟာဂီရိနတ်မင်းကြီးသမီး မစေသော် ဥုံ တုဋ္ဌေဟိ တုဋ္ဌေဟိ မမ တုဋ္ဌေဟိ ပိယေဟိ ပိယေဟိ မမ ပိယေဟိ တုယှံ တုယှံ ခိပ္ပသိဒ္ဓိ ခိပ္ပသိဒ္ဓိ ဓာရေယျ ဓာရေယျ ဝါရေယျ ဝါရေယျ ဖုဋ္ဌသ ဖုဋ္ဌသ ဗန္ဓတ္တ ဗန္ဓတ္တ ဓူရေ ဓူရေ သွာလေဟုံဟုံ ။ ဤဆုတောင်းဂါထာအား နံနက် အိပ်ယာထ ( ၇ ) ခေါက် ညအိပ်ယာဝင် ( ၇ ) ခေါက် နေ့စဉ်မပျက် ရွတ်ဆိုပေးပါ စီးပွားရေး လူမှုရေး ပညာရေး အချစ်ရေး အစစအရာရာ မိမိတို့၏ ဘဝလမ်းခရီးတွင် အခြားသူထက်ပိုမို၍ အောင်မြင်စေမည် ဖြစ်သည် ။

0 comments:

Post a Comment