Monday, February 20, 2017

ငွေဖြစ်စေသောလောကီအတတ်တစ်ခု

သန့်ရှင်းသောငွေစက္ကူ တစ်ရွက်ကို { ဝရကန } စမအက္ခရာဖြင့်တစ်နေ့အခေါက် တစ်ထောင် ကိုးရက်တိတိသရဇ္ဈယ်ရမည် ။ ၉ ရက်ပြည့်ပြီးနောက် ဝက်မလွတ်ငှက်ပျောပင်ကိုတူး၍ အခေါင်းကို ငွေဝင်သာရုံအပေါက်ဖောက်၍ ယင်းငွေစက္ကူကိုသွင်းပါ ။ ပြီးလျှင် အပေါက်ကို ငှက်ပျောပင်ကအသားနှင့်ပြန်ပိတ်ပြီးလျှင် တူးဖော်သောငှက်ပျောပင်နေရာကို ပကတိအတိုင်းမြေပြန်ဖို့ထားရမည် ။ ယင်းငှက်ပျောပင်ဖူးသောအခါ ငွေစက္ကူ သည်အဖူးအတွင်းပါလာလိမ့်မည် ။ ယင်းငွေကိုယူ၍ ငွေပုံအတိုင်းစက္ကူ များဖြတ်ကာ အခြားငွေစက္ကူ များနှင့်အတူသေတ္တာတစ်လုံးထဲ ထားပါ ။ သော့ကိုသေချာလုံစွာခတ်၍ တညသိပ်ထားပါ ။ နောက်တစ်နေ့မနက်တွင် ငွေများဖြစ်၍နေလိမ့်မည် ။ အနည်းငယ်ယူ၍ သုံးပါ ။ သုံး / လေးရက်အထိခံ၏ ။လောဘကိုပယ်နိုင်မှဖြစ်သည် သတိထားလုပ်ပါလေ ။