Thursday, August 25, 2016

နာမ်လောကနှင့်ဆက်သွယ်သော ကျင့်စဉ်

ပထမဦးစွာမိမိမွေးနေ့၌ မိမိနေထိုင်သောအိမ်တွင် ညအခါ၌ တိတ်ဆိတ်ငြိမ်သက်စွာထိုင်၍ မိမိခန္ဓာကိုယ်တစ်ခုလုံး၏ အတွင်းပိုင်း ခေါင်းမှခြေဖျားအထိ စိတ်အာရုံဖြင့် ခံစားပြီးကြည့်ပါ။ ထပ်ခါထပ်ခါကြည့်ပါ။ တဖြည်းဖြည်း ခန္ဓာအတွင်းပိုင်းကိုမြင်လာရလိမ့်မည်။ အူ အသဲ နှလုံး အကြော စသော အတွင်းပိုင်း ခန္ဓာအစိတ်အပိုင်းများကို မြင်အောင်ကြည့်ပါ။ ထိုအကျင့်ကို တစ်ပတ်လေ့ကျင့်ပါ။ တစ်ပတ်လေ့ကျင့်ပြီး နောက်နေ့ မိမိမွေးနေ့ ညနေပိုင်း တွင် နတ်ရဲသစ်ပင်ကြီးတစ်ပင်ဆီသို့သွား၍ အမွှေးတိုင်သက်စေ့ လှူဒါန်းပြီး နာမ်လောကနှင် မိမိဆက်သွယ် ပေါင်းကူးလိုကြောင်း ဆုတောင်းဆန္ဒပြုပါ။ ထိုည၌ လေ့ကျင့်ရမည်မှာ မိမိအိမ်အပြင်ဘက် အမိုးအကာမရှိသောနေရာသို ညသန်းခေါင်တွင် သွားပါ။ ခြံဝင်းကျယ်လျှင် မိမိခြံအတွင်း ပြုလုပ်နိုင်သည်။ ရောက်လျှင် မြေကြီးပေါ်တွင် ထောင့်လေးထောင့်သက်မှတ်၍ သစ်သားငုတ် လေးငုတ်စိုက်ပါ။ ထိုလေးငုတ်၏ အလယ်ဗဟိုတွင် တစ်ငုတ် ကိုခပ်မြင့်မြင့်စိုက်ပါ။ အားလုံးပေါင်း ( ၅ ) ငုတ်ပါ။ ထို့နောက်ထိုငုတ်များအားလုံးကိုအပ်ချည်ကြိုး ချည်ကြိုးစစ်စစ်ဖြင့် ပတ်လည်ဆက်သွယ်ချည်ပါ။ ဘေးထောင့် တစ်ထောင့်ကိုချည်ပြီးလျှင် အလယ်ဗဟိုကို တစ်ခါဝင်ချည်ပါ။ ထိုအခါ ဖြစ်နေသောပုံစံမှာ အိမ်လေးတစ်အိမ်ကဲ့သို့ဖြစ်နေမည်။ ကြိုးက အားလုံး အရပ်လေးမျက်နှာ လေးကြိုး ၊ အတွင်းဗဟိုသို့ သွားသောကြိုး လေးကြိုး ဖြစ်၍ အားလုံး ( ၈ ) ကြိုးပါ။ ကြိုးအိမ်စည်းကို ပြင်ဆင်ပြီးလျှင် ရာဟု( အနောက်မြောက် ) ဒေါင့်၌ ရှိသောငုတ်ဘေးသို့ အမွှေးတိုင်သက်စေ့ထွန်းပါ။ ပြီးလျှင် တောင်အရပ်မျက်နှာက ကြိုးအိမ်အတွင်းသို့ ဝင်ရောက်၍ အလယ်ငုတ်ကို မျက်နှာပြုထိုင်ကာ မျက်စိမှိတ်ထားပါ ။ စိတ်ကိုငြိမ်ငြိမ်ထားပါ ။ ဘာမှမတွေးမကြံနေပါနှင့် ငြိမ်ငြိမ်လေးပဲ ထိုင်နေပါ။ နာမ်လောကသားများလာရောက်ဆက်သွယ်ပါလိမ့် မည်။ မကြောက်ပါနှင့် သူတို့သည် မိမိ၏ အမူအကျင့်ဆန္ဒတွေကို သိသည်။ ထို့အတွက်ကြောင့် မိမိလိုလားနေသော ကိစ္စရပ်များ မိမိသိချင်နေသောကိစ္စများကို ပြောကြလိမ့်မည်။ မိမိ ကျင့်စဉ်သိမ်းချင်သောအခါ အာရုံကို ဖြေလျော့သတိထား၍ မျက်စိဖွင့်ပါ။ ပြီးလျှင် ကြိုးအိမ်အပြင်သို့ထွက်၍ ထိုငုတ်များကိုပြန်ဖြုတ်ပါ။ ကြိုးများကို သိမ်းထားပါ ။ နောက်ရက်များ၌ ဆက်တိုက်ဝင်ပါ ။ အားလုံး ( ၄၉ ) ရက်ဖြစ်သည်။ ထိုရက်အတွင်း နာမ်လောကအကြောင်းများ တစ်နေ့ထက်တစ်နေ့နားလည်လာပါလိမ့်မည် ။ စေခိုင်း၍ ရ၏ ။ အကျဉ်းကိစ္စပြီး၏ ။ ### မှတ်ချက် ။ ။ ဤ ပညာသည် ရှေးအခါက နာမ်လောကအကူအညီယူလိုသူများဆက်သွယ်နည်း မှော်တစ်မျိုးဖြစ်သည်။ ယခုခေတ်အခါ၌ နှစ်လုံး / သုံးလုံး ထီ ဘိုးတော်များ ကျင့်ကြံကြတယ် ။ပျောက်ကွယ်နေသော ပညာတစ်မျိုးဖြစ်သည် ။ ငုတ်ကို ကသစ်သားဖြင့်ပြုလုပ်ရမည် ။ ပညာပါရမီအဖြစ် ဖွင့်ဖော်ပြပါသည်။

နကျယ်အိမ်ပီယစီရင်နည်း

အချို့အိမ်တွေ တံတားတွေ လှေကားစတာတွေမှာ မြေနဲ့ပြုလုပ်ထားတဲ့ နကျယ်ကောင်လေးတွေရဲ့ အိမ်ကို မြင်ဖူးမှာပါ ။ အဲ့ဒီ နကျယ်ကောင်လေးတွေရဲ့ သားကောင်ပေါက်ပြီးသားအိမ်ဟာ လောကီပညာမှာ အလွန်အသုံးဝင်ပါတယ် ။ နကျယ်တွေရဲ့သဘာဝက ထူးဆန်းတယ် ။ မြေနဲ့အိမ်လုပ်ပြီးရင် အပေါက်ကလေးတွေဖောက်တယ် ။ ပြီးရင်အခြားက မျိုးမတူတဲ့ ပိုးလောက်တို့ ပျားတို့ ပိုးယားတို့ အစရှိတဲ့ အကောင်ငယ်လေးတွေကို ဖမ်းလာပြီး သူ့အိမ်အပေါက်ထဲထည့်ကာ ရွှံ့နဲ့ အသေပိတ်ပစ် လိုက်တယ် ။ ပြီးရင်အဲ့အိမ်နားကိုပတ်ပြီး သုံး ၊ လေး ရက်လောက်မန္တန်ရွတ်တယ် ဒီလိုလဲလုပ်ပြီးရော ငါးရက် တစ်ပတ်နေရင် အထဲက အကောင်ဟာ မြေသားကိုဖောက်ပြီး အပြင်ကိုထွက်လာတယ် ထွက်လာတဲ့အခါမှာ သူထည့်ထားတဲ့အကောင်မဟုတ် တော့ပဲ သူလိုမျိုးနကျယ်ကောင်လေးအဖြစ်ထွက်လာ တယ်။ မျိုးဗီဇမတူတဲ့ အကောင်ကိုတောင် သူ့လို နကျယ်ကောင်လေးဖြစ်လာအောင်ပြုလုပ်နိုင်တဲ့ အိမ်ဟောင်းလေးဟာ အခြားသူကိုကိုယ့်အကြိုက်ဖြစ် စေမယ့်အစီအရင်အတွက်မရှိမဖြစ်လိုအပ်တဲ့အထောက်အကူပစ္စည်းတစ်ခုပါပဲ ။ အဲ့ဒီနကျယ်ကောင်လေးဟာ အခြားမျိုးမတူတဲ့ အကောင်ကိုဖမ်းပြီးမြေပေါက်ထဲထည့် အပေါက်ပိတ် အပြင်ကနေပျံဝဲနေပြီးရွတ်ဆိုတဲ့မန္တန်ဟာ - ( ဓီးဓီး မဟာဓီးဓီး အိနဝံကာ အီဓီး ဓီးဓီး ) ဖြစ်ပါတယ်။ လောကီပညာရှင်တွေကတော့ ဥုံ ခံပြီးရွတ်ဆိုကြတယ်။ အဲ့ဒီနကျယ်အိမ်ဟောင်းကို ဘယ်လိုစီရင်ရမလဲဆိုတော့ ခွက်သန့်သန့်တစ်ခုထဲကို အဲ့ဒီနကျယ်အိမ်ဟောင်းကိုထည့်ပြီး ရေနှင့်ဖျော်ပါ။ ဖျော်သောအခါ ဟင်္သပြဒါးရောလျှင်ပို၍ကောင်း၏ ။ ပြီးရင် စာရွက်အဖြူတစ်ရွက်မှာ မိမိအလိုရှိတဲ့သူနာမည် မိမိအလိုရှိရာစေခိုင်းချက် စတာတွေကို အဲ့နကျယ်မြေနဲ့ သေချာစွာရေးပါ။ ပြီးလျှင် အဲ့စာရွက်ကို ခုန နကျယ်တွေရွတ်ဆိုတဲ့ မန္တန်နဲ့ အခေါက် ၁၀၀၀ ရွတ်ပါ။ ဒါကို တစ်ပတ်တိတိ ပြုလုပ်ဆောင်ရွက်ပါက မိမိရေးသားထားသည့်အတိုင်း အောင်မြင်ပါလိမ့်မည်။ စိတ်ချယုံကြည်စွာဆောင်ရွက်ပါ ။ မကောင်းသောစေခိုင်းချက်များကိုမရေးရပါ ပြန်လည်၍ခိုက်တတ်သည် ။ ဤပညာကို ပီယကိစ္စအတွက်အများစုအသုံးပြုကြသည် လက်ထိပ်ခြေကျဉ်းကျွတ်စေရန်ကိစ္စအတွက်လဲ ဥာဏ်ရှိသလိုသုံးကြ၏ ။ မန္တန်ကိုစမ်းလိုလျှင် ပုဇွန်တွင်းဝသို့ ဤမန္တန်ဖြင့် ၃၇ ခေါက်ရွတ်ပါက ပုဇွန်သည် တွင်းပြင်သို့ ထွက်လာ၏ ။ #### မှတ်ချက် ။ ။ နကျယ်အိမ်ကိုယူလျှင် ဘုရားစေတီ၌ ရှိသောနကျယ်အိမ်ဟောင်းကိုယူ၍ စီရင်ပါက ပို၍မြန်ဆန်စွာအောင်မြင်၏။

ယောပညာထဲက ချစ်သူခေါ်နည်း တစ်နည်း

ဖဲထုတ် တစ်ထုတ်ထဲမှ ညှင်းဖဲနံပါတ် ( ၉ ) ၌ မိမိချစ်သူအမည်ကို ရေးပါ။ သချိုင်းသို့သွား၍ ဂူတစ်ဂူကို ထိုဖဲချပ်ဖြင့် ( ၇ ) ချက်ထိပါ ။ မိမိချစ်သူ မိမိဆီပြန်လာ၏ ။

Tuesday, August 23, 2016

ဂန္ဓာရီပညာတောင်းမန္တန်

ဥုမ် အဂဲ့ ဘဂဲ့ ဒေဝီ ဘာဂဲ့ စွာရီ ယာယှီယာ ယာယှီယာ ယာသစ်စရော ယာသစ်စရော ဆွဟ ### မန္တန်၏လိုရင်းအဓိပ္ပါယ်မှာ လောက၏လျှို့ဝှက်နက်နဲ သောအတတ်ပညာများကို တောင်းခံသောသဘောပင် ဖြစ်လေသည် ### နံနက်နေထွက်ချိန်နေကိုကြည်၍လည်ကောင်း ၊ ညနေနေဝင်ချိန်နေကိုကြည်၍လည်ကောင်း ၊ ခုနှစ်ခေါက်နေ့စဉ်ရွတ်ပါ ။ မုချထူးခြားမှုရှိစေပါသည်။

Thursday, August 18, 2016

ပရလောကအားမြင်နိုင်စေသောမန္တန်

ဥုံ ဆွာဟာ စိန္တံ ပန္တံ ဝိညံ စက္ခု သုပန္ဆာ မေတ္တာ အမင်္ဂလံ ပယောဂံ ပါပါဥုံ နသ ဥစ္စိနာ ဘဇာ စက္ခုယံ ဝိညံ ### ဤမန္တန်အား ည ( ၉ ) နာရီမှာ ညသန်းခေါင် ( ၁၂ ) နာရီအထိ ရွတ်ဆိုရမည် ။ ထိုရွတ်ပြီးသောအချိန်မှစ၍ မိုးသောက်ယံအထိ ပရလောကအားမြင်နေရမည်ဖြစ်သည် ။ အလိုရှိသလိုဥာဏ်နှင့်ယှဉ်သုံးနိုင်သည် ။ မမြင်ချင်တော့ပါက ဘုရားပန်းအိုးမှ ရေနှင့် မျက်နှာသစ်ပါ ။ ကြောက်တတ်သူများ မရွတ်သင့်ပါ ။

ဝိဇ္ဇာဓိုရ်အဖြစ်ထိ အောင်မြင်နိုင်သော ဓာတ်လေးပါး ဂါထာတော်

( မီးဓာတ်ဂါထာ ### စတုတန္တေ ဇနော ခန္တု ၊ စတုပါဒါယ မာပကော ၊ စတုပါဒေါ ဝရော ဗုဒ္ဓေါ ၊ စတုသစ္စော နဝ ဗောဓော ) ( လေဓာတ်ဂါထာ ### ကရောတိ ဘဝေါ နာထ ၊ ကတပုည သာဓုဇနာ ၊ ထေသိ ပူဇိတံ ကတံ ကတံ ၊ ကရေတိမ် သတိမေ ဇနာ ) ( ရေဓာတ်ဂါထာ ### ဘဂဝတော ဘဂ္ဂဒေါသော ၊ ဘဂ္ဂမောဟော အနာသင်္ဂါ ၊ ဘဂ္ဂသ ပါပကာ ဓမ္မာ ၊ ဘဂဝါ တေန ဝုစ္စတိ ) ( မြေဓာတ်ဂါထာ ### သမ္မာသမ္မဉ္စသမ္မုဒ္ဓေါ ၊ သမ္မာဒေတိ မဂ္ဂေ ဇိနော ၊ သဒ္ဓမ္မရံ သိယလောကေ ၊ သဗ္ဗဓမ္မံ ဝိနောဒတိ ) *** သိဒ္ဓိ အကျဉ်း ( ၁၀ ) ပါး ၊ အလတ် ( ၃၀ ) ပါး ၊ အကျယ် ( ၁၂၀ ) ပါး နှင့် လိုရာကိစ္စပြီးစီးစေ၏ ။ ဥာဏ်ရှိသလို အသုံးပြု ပါ ။

Wednesday, August 17, 2016

မန္တန် နှင့် ကံကောင်းစေနည်း

မိမိကြားလိုက်ရသောအသံ၏ အက္ခရာအစနဲ့သက်ဆိုင် သောမန္တန်ကို ( ၇ ) ခေါက်ရွတ်ဆိုလိုက်ရမှာဖြစ်ပါတယ်။ ထိုသို့ရွတ်ဆိုခြင်းကြောင့် ကောင်းခြင်းအဖြာဖြာသည် မိမိထံသို့ ရောက်ရှိလာလတ္တံ့ … ### က = ကပ္ပိယံ ကရောဟိ / ခ = ခမတိ သံဃသ / ဂ = ဂယာဝါသော မောဃကလော / ဃ = ဃဋီကာရဂေဟံ ကပ္ပဋ္ဌိဘိကံ / င = ငါ၏ဆရာ သမ္မာသမ္ဗုဒ္ဓ / စ = စန္ဒောသီတလံ စဏ္ဌာပါပံ / ဆ = ဆန္ဒံ မေဒေဟိ ဆန္ဒံ မေဒေဟိ / ဇ = ဇယန္တော ဇိနော / ဈ = အဇ္ဈာသယဥာဏော / ည = ညာတဗ္ဗံဥေယျံ / ဋ = နဋောနစ္စော / ဋ္ဌ = ဋ္ဌာတုသစ္စေ ဋ္ဌာတုဂတေ / ဍ = ကုဏ္ဌာလော သောဘတေ / ဍ္ဎ = ဝဍ္ဎကိဂေဟံ ကတံ / ဏ = ဂေါဏော ဘာရိကော / တ = တေမိကုမာရော မဟာသတ္တော / ထ = ထဒ္ဓေန ထန္ဓံ သာဓု / ဒ = ဒဠေန ဒဠောသာဓု / ဓ = ဓမ္မာ ဓမ္မေတိ အတိဒုလ္လဘော / န = နန္ဒီရာဂံ ဝဍ္ဎတိ / ပ = ပညဓိကံ ဗုဒ္ဓပူဇေမိ / ဖ = ဖဂ္ဂုနောမာသော အာဒိပ္ပေါ / ဗ = ဗန္ဓောဂ မာရော / ဘ = ဘဂဝါ ဗုဒ္ဓေါ / မ = မာနော ဒုဋ္ဌော / ယ = ယသာ ယသ္မတော ခမတိ / ရ = ရတနတ္တယံ ရတနတ္တယံ / လ = လက္ခဏုပေတာ ဗတ္တိသာ / ဝ = ဝရဓမ္မာ ဓမ္မာတာတိ / သ = သစ္စေန သမော နတ္တိ / ဟ = ဟေတုပစ္စယော ဒိကံ စတုဝိသံ / ဠ = မုဠော မာနော / အ = အရဟာတာဒိ နဝဂုဏံ သမ္ပန္နံ

Saturday, August 6, 2016

နောရှစ်တန် ဣရှစ်တန်ဂါထာတော်

နော ရဇ္ဈတိ ရဇ္ဈမာနေ နနော နနော ဥတ္တမော မာနေ နနော နနော ဘုမ္မိ ရာဇာနော နနော ဣတိသော ဣတိပိသော ဘဂဝါ ဝုတ္တာ ဣတိမန္တာ သုခါဝဟာ ဣတိ ဗုဒ္ဓေဟိ သရဏံ သဗ္ဗေ ဒေဝါ ပိယံ မမ ဣတိ ဓမ္မေဟိ သရဏံ စတုရာဇာ ပိယံ မမ ဣတိသံဃေဟိ သရဏံ သဗ္ဗေရာဇာ ပိယံ မမ ဣတိရတန သရဏံ ပုရိသ ဣတ္ထိယာ ပီယံ မမ ဣတိသဗ္ဗေ အန္တရာယော ဝိနသန္တု အသေသတော ။ ။ ဤ မန္တန်သည် နေ့စဉ်ထုံနေအောင်ရွတ်ဖတ်ပါက အဘိဥာဏ်ဓာတ်အထိ ပေါက်မြောက်ခံစားရစေ၏ ။

သဗ္ဗဇော်ဂျီမန္တန်

သြောင်း သဗ္ဗ ဇော်ဂျီ တပသီ ဝိဇ္ဇာဓိုရ် ဘယ ဒသာဝီ သံလံ ဟောတိ မဟိဒ္ဓိကာ နာနာ သိပ္ပံ နာနာ ရူပံ နာနာ ဣစ္ဆံ နာနာ မန္တံ နာနာ ဥာဏံ နာနာ စိန္တံ နာနာ ဘောဂံ နာနာ လာဘံ နိပ္ဖါဒေန္တု ယံ ယံ ဣစ္ဆာ သမိဇ္ဈန္တု သြောင်း သမြွံ / ဤမန္တန်သည် အလိုရှိရာကိစ္စအဝဝကိုအောင်မြင်စေသည်။ ရေတစ်ခွက်ကို ( ၇ ) အုပ်မန်းသောက်ပါလေ ။