Copyright © 2025
ဝိဇ္ဇာမဟိဒ္ဓိမဟာဗောဓိပဋ္ဌမံဂိုဏ်းအုပ် ဆရာမြစလွယ်. Design by Wordpress Themes Park
Thursday, August 25, 2016
နကျယ်အိမ်ပီယစီရင်နည်း
အချို့အိမ်တွေ တံတားတွေ လှေကားစတာတွေမှာ
မြေနဲ့ပြုလုပ်ထားတဲ့ နကျယ်ကောင်လေးတွေရဲ့
အိမ်ကို မြင်ဖူးမှာပါ ။ အဲ့ဒီ နကျယ်ကောင်လေးတွေရဲ့
သားကောင်ပေါက်ပြီးသားအိမ်ဟာ လောကီပညာမှာ
အလွန်အသုံးဝင်ပါတယ် ။ နကျယ်တွေရဲ့သဘာဝက
ထူးဆန်းတယ် ။ မြေနဲ့အိမ်လုပ်ပြီးရင်
အပေါက်ကလေးတွေဖောက်တယ် ။ ပြီးရင်အခြားက
မျိုးမတူတဲ့ ပိုးလောက်တို့ ပျားတို့ ပိုးယားတို့
အစရှိတဲ့ အကောင်ငယ်လေးတွေကို ဖမ်းလာပြီး
သူ့အိမ်အပေါက်ထဲထည့်ကာ ရွှံ့နဲ့ အသေပိတ်ပစ်
လိုက်တယ် ။ ပြီးရင်အဲ့အိမ်နားကိုပတ်ပြီး သုံး ၊ လေး
ရက်လောက်မန္တန်ရွတ်တယ် ဒီလိုလဲလုပ်ပြီးရော
ငါးရက် တစ်ပတ်နေရင် အထဲက အကောင်ဟာ
မြေသားကိုဖောက်ပြီး အပြင်ကိုထွက်လာတယ်
ထွက်လာတဲ့အခါမှာ သူထည့်ထားတဲ့အကောင်မဟုတ်
တော့ပဲ သူလိုမျိုးနကျယ်ကောင်လေးအဖြစ်ထွက်လာ
တယ်။ မျိုးဗီဇမတူတဲ့ အကောင်ကိုတောင် သူ့လို
နကျယ်ကောင်လေးဖြစ်လာအောင်ပြုလုပ်နိုင်တဲ့
အိမ်ဟောင်းလေးဟာ အခြားသူကိုကိုယ့်အကြိုက်ဖြစ်
စေမယ့်အစီအရင်အတွက်မရှိမဖြစ်လိုအပ်တဲ့အထောက်အကူပစ္စည်းတစ်ခုပါပဲ ။
အဲ့ဒီနကျယ်ကောင်လေးဟာ အခြားမျိုးမတူတဲ့
အကောင်ကိုဖမ်းပြီးမြေပေါက်ထဲထည့် အပေါက်ပိတ်
အပြင်ကနေပျံဝဲနေပြီးရွတ်ဆိုတဲ့မန္တန်ဟာ -
( ဓီးဓီး မဟာဓီးဓီး အိနဝံကာ အီဓီး ဓီးဓီး ) ဖြစ်ပါတယ်။
လောကီပညာရှင်တွေကတော့ ဥုံ ခံပြီးရွတ်ဆိုကြတယ်။
အဲ့ဒီနကျယ်အိမ်ဟောင်းကို ဘယ်လိုစီရင်ရမလဲဆိုတော့
ခွက်သန့်သန့်တစ်ခုထဲကို အဲ့ဒီနကျယ်အိမ်ဟောင်းကိုထည့်ပြီး ရေနှင့်ဖျော်ပါ။
ဖျော်သောအခါ ဟင်္သပြဒါးရောလျှင်ပို၍ကောင်း၏ ။
ပြီးရင် စာရွက်အဖြူတစ်ရွက်မှာ မိမိအလိုရှိတဲ့သူနာမည်
မိမိအလိုရှိရာစေခိုင်းချက် စတာတွေကို အဲ့နကျယ်မြေနဲ့
သေချာစွာရေးပါ။ ပြီးလျှင် အဲ့စာရွက်ကို ခုန
နကျယ်တွေရွတ်ဆိုတဲ့ မန္တန်နဲ့ အခေါက် ၁၀၀၀ ရွတ်ပါ။
ဒါကို တစ်ပတ်တိတိ ပြုလုပ်ဆောင်ရွက်ပါက
မိမိရေးသားထားသည့်အတိုင်း အောင်မြင်ပါလိမ့်မည်။
စိတ်ချယုံကြည်စွာဆောင်ရွက်ပါ ။
မကောင်းသောစေခိုင်းချက်များကိုမရေးရပါ ပြန်လည်၍ခိုက်တတ်သည် ။
ဤပညာကို ပီယကိစ္စအတွက်အများစုအသုံးပြုကြသည်
လက်ထိပ်ခြေကျဉ်းကျွတ်စေရန်ကိစ္စအတွက်လဲ
ဥာဏ်ရှိသလိုသုံးကြ၏ ။ မန္တန်ကိုစမ်းလိုလျှင်
ပုဇွန်တွင်းဝသို့ ဤမန္တန်ဖြင့် ၃၇ ခေါက်ရွတ်ပါက
ပုဇွန်သည် တွင်းပြင်သို့ ထွက်လာ၏ ။ ####
မှတ်ချက် ။ ။ နကျယ်အိမ်ကိုယူလျှင် ဘုရားစေတီ၌
ရှိသောနကျယ်အိမ်ဟောင်းကိုယူ၍
စီရင်ပါက ပို၍မြန်ဆန်စွာအောင်မြင်၏။
Subscribe to:
Post Comments (Atom)
1 comments:
ဓာတ်ပုံ ရင်ဘက်တည့်တည့်မှာစွဲရင် ဘာဖြစ်တတ်လည်းခင်ဗျာ
Post a Comment