Pages

Thursday, October 31, 2019

အချစ်ရေးအတွက်မှော်နည်းလမ်းများ ( Halloween day အမှတ်တရ )

Saturday, June 16, 2018

အကြားအမြင်ရေမန်းစီရင်နည်း

ရေဝိညာဉ်မန္တန် ••••••••••••••• အွံ ဆာရံ မာတံ သထံ အရဟံ နာမားမိ နမော အွမ် ဆာရံ မာတံ သထံ အရဟံ နာမားမိ နမော ရေနစ်၍ လူမသေဖူးသော ရေတွင်း ( ၇ ) တွင်းမှ ရေကို ဆတူယူပါ ။ ထိုရေများကို ပေါင်းပြီး ရေစစ်ဖြင့် ( ၇ ) ထပ်ကာ အိုးသစ်တစ်လုံးထဲတွင် ထည့်ထားပါ။ ဤ ( ၇ ) တွင်းရေကို အထက်ပါ ရေဝိညာဉ်မန္တန်ဖြင့် တစ်နေ့အခေါက် ( ၁၀၀၀ ) / ( ၂၇ ) ရက်တိတိရွတ်ပါ။ ရက်ပြည့်လျှင် လိုအပ်သောအခါ ထိုအိုးထဲမှ ရေကို မိမိတစ်ခါသောက်စာ တစ်ခွက်ခပ်ပါ ( သို့ ) အပြင်ယူ သွားမည်ဆိုပါက ဘူးသေးသေးတစ်ခုတွင် ထည့်ပါ ။ ရေဝိညာဉ်မန္တန်ကို ( ၇ ) ခေါက်ရွတ်၍ သောက်ပါ။ အကြားအမြင်အထင်အသိ တစ်ပွဲတိုးရ၏ ။ အပေါ့အပါးသွားသောအခါ / အိပ်လိုက်သောအခါ ပြယ်၏ ။ လိုသောအခါ ထပ်သောက်လေ ။ မှတ်ချက် ။ ။ ဤပညာသည် ရှေးဆရာကောင်းတို့၏ လျှို့ဝှက်ပညာတစ်ခုဖြစ်သည် ။ အလွန်အဖိုးတန်၏ ။

Thursday, December 28, 2017

ဝိဇ္ဇာမယဆေးပညာအတွင်းမှ သည်းခြေအသုံးပြုနည်း

လိပ်သည်းခြေကို ထုံးဖြင့်နှော၍ ကျိတ် မျက်စေ့မှာကွင်း ဘီလူး သရဲမြင်နိုင်၏ ။ ကြက်သည်းခြေနှင့် ဣသယမူလီမြစ်ကိုကျိတ် ဦးရူတိုင်မှာသုတ် တအိမ်လုံး အိပ်ပျော်၏ ။ အိမ်နီးချင်းများက လာနှိုးမှ နိုး၏ ။ လိပ်သည်းခြေနှင်ကြက်မြုံတွင်ကပ်နေသောရွံ့ကိုရော၍ကျိတ်ခြေဖဝါးနှစ်ဖက်မှာသုတ်၍ ခရီးသွားသော် တသောင်းခရီးနေ့ချင်းပေါက်၏ ။ မမောမပန်းရောက်၏ ။ ပုတ်သင်ပျံသည်းခြေ နနွင်းစိမ်းရော၍ကျိတ် ဆီဖြင့်ဖျော်ပြီးကိုယ်ကိုလူး ဘေးလူမမြင်နိုင် ။ နွားသည်းခြေနှင့်ပရွက်ဆိတ်ကောင်နှစ်ပါးပေါင်း၍ကျိတ် ခြေဖဝါးတွင်သုတ် အသီးရှိသောအပင်ကိုကြွေစေဟု အသက်အောင့်ပြီးကန်အသီးအကုန်ကြွေကျကုန်၏ ။

Thursday, November 2, 2017

ပဋ္ဌမံနိမိတ္တဗုဒ္ဓရူပံတော်ပုတီးစိပ်နည်း

၁။ ရတနာသုံးပါးပူဇော်ခြင်း ၂။ သြကာသကန်တော့ခြင်း ၃။ ငါးပါးသီလခံယူဆောက်တည်ခြင်း ၄။ အရပ်ဆယ်မျက်နှာမေတ္တာပို့ခြင်း ၅။ အဓိဋ္ဌာန်ပြုခြင်း ၆။ ဘုရားပင့်ခြင်း ( ၃ ) ကြိမ် စတုက္က ရံသိ နက္ခန္တာ မေရု ရာဇာ ဂိရုတ္တမော သောဘတေဝ သကာဘာယံ သြဘာသယံ သမန္တတော တထေဝ သောဘဏော ဗုဒ္ဓေါ ဆဗ္ဗဏ္ဏ ရုစိယာ ဘဝံ အနန္တ ဇုတိမာ ဘန္တေ ဂန္တာ မေ ဋ္ဌာတု သိသကေ ၇။ အောက်ပါ ဗုဒ္ဓရူပံတော် ( ၄၅ ) ဌာနကို { နမောဗုဒ္ဓါ } ဂုဏ်တော်ဖြင့်တစ်ဌာနလျှင်ပုတီးတစ်ပတ်အာရုံပြု၍စိပ်ပါ ။ ၁။ ဦးခေါင်းတော် ၂။ ဘယ်နားတော် ၃။ ဘယ်မျက်ခုံးတော် ၄။ ဘယ်မျက်စိတော် ၅။ ဘယ်ပါးတော် ၆။ ညာနားတော် ၇။ ညာမျက်ခုံးတော် ၈။ ညာမျက်စိတော် ၉။ ညာပါးတော် ၁၀။ နှဖူးတော် ၁၁။ မျက်မှောင်တော် ၁၂။ နှာခေါင်းတော် ၁၃။ ပါးစပ်တော် ၁၄။ မေးစေ့တော် ၁၅။ လည်ပင်းတော် ၁၆။ ဘယ်ရင်ဘက်တော် ၁၇။ ဘယ်ပုခုံးတော် ၁၈။ ဘယ်လက်မောင်းတော် ၁၉။ ဘယ်တံတောင်တော် ၂၀။ ဘယ်လက်ဖျံတော် ၂၁။ ဘယ်လက်ခုံတော် ၂၂။ ဘယ်လက်ချောင်းတော် ၂၃။ ညာရင်ဘက်တော် ၂၄။ ညာပုခုံးတော် ၂၅။ ညာလက်မောင်းတော် ၂၆။ ညာတံတောင်တော် ၂၇။ ညာလက်ဖျံတော် ၂၈။ ညာလက်ခုံတော် ၂၉။ ညာလက်ချောင်းတော် ၃၀။ ရင်ညွှန့်တော် ၃၁။ ရင်ခေါင်းတော် ၃၂။ ချက်တော် ၃၃။ ဝမ်းဗိုက်တော် ၃၄။ ခါးတော် ၃၅။ ဘယ်ပေါင်တော် ၃၆။ ဘယ်ဒူးတော် ၃၇။ ဘယ်ခြေသလုံး ၃၈။ ဘယ်ခြေဖဝါးတော် ၃၉။ ဘယ်ခြေချောင်းတော် ၄၀။ ညာပေါင်တော် ၄၁။ ညာဒူးတော် ၄၂။ ညာခြေသလုံးတော် ၄၃။ ညာခြေဖဝါးတော် ၄၄။ ညာခြေချောင်းတော် ၄၅။ ကိုယ်တော်အစုံ ၈။ အနေကဇာတင် ( ၉ ) ကြိမ် ၉။ သစ္စာချုပ်ဆုတောင်း၍ခန္ဓာ၌သွင်း ၁၀။ အမျှဝေ မှတ်ချက် ။ ဤကျင့်စဉ်သည် လျှို့ဝှက်နက်နဲ့ လွန်းလှ၏ ။ တန်ဖိုးများလှ၏ ။ ဗုဒ္ဓရှင်တော်ကိုဖူးတွေ့ရ၏ ။ သိဒ္ဓိအဖြာဖြာပေါက်မြောက်စေ၏ ။ သမားစဉ်မနောဆက်အာရုံ မှရရှိသောပုတီးစိပ်နည်းဖြစ်၏ ။

Tuesday, October 31, 2017

သိဒ္ဓိဆယ်ပါးပုတီးစိပ်နည်း

ဥမ် ပီယ သိဒ္ဓိ မဟိဒ္ဓိ ဣဒ္ဓိ ဆွာဟာ ( ဝင်လေ ) ဆွာဟာ ဣဒ္ဓိ မဟိဒ္ဓိ သိဒ္ဓိ ပီယ ဥမ် ( ထွက်လေ ) ဥမ် ဓန သိဒ္ဓိ မဟိဒ္ဓိ ဣဒ္ဓိ ဆွာဟာ ( ဝင်လေ ) ဆွာဟာ ဣဒ္ဓိ မဟိဒ္ဓိ သိဒ္ဓိ ဓန ဥမ် ( ထွက်လေ ) ဥမ် ကာယ သိဒ္ဓိ မဟိဒ္ဓိ ဣဒ္ဓိ ဆွာဟာ ( ဝင်လေ ) ဆွာဟာ ဣဒ္ဓိ မဟိဒ္ဓိ သိဒ္ဓိ ကာယ ဥမ် ( ထွက်လေ ) ဥမ် အာရောဂျ သိဒ္ဓိ မဟိဒ္ဓိ ဣဒ္ဓိ ဆွာဟာ ( ဝင်လေ ) ဆွာဟာ ဣဒ္ဓိ မဟိဒ္ဓိ သိဒ္ဓိ အာရောဂျ ဥမ် ( ထွက်လေ ) ဥမ် အာယု သိဒ္ဓိ မဟိဒ္ဓိ ဣဒ္ဓိ ဆွာဟာ ( ဝင်လေ ) ဆွာဟာ ဣဒ္ဓိ မဟိဒ္ဓိ သိဒ္ဓိ အာယု ဥမ် ( ထွက်လေ ) ဥမ် ပထဝီ သိဒ္ဓိ မဟိဒ္ဓိ ဣဒ္ဓိ ဆွာဟာ ( ဝင်လေ ) ဆွာဟာ ဣဒ္ဓိ မဟိဒ္ဓိ သိဒ္ဓိ ပထဝီ ဥမ် ( ထွက်လေ ) ဥမ် ဥဒက သိဒ္ဓိ မဟိဒ္ဓိ ဣဒ္ဓိ ဆွာဟာ ( ဝင်လေ ) ဆွာဟာ ဣဒ္ဓိ မဟိဒ္ဓိ သိဒ္ဓိ ဥဒက ဥမ် ( ထွက်လေ ) ဥမ် အာကာသ သိဒ္ဓိ မဟိဒ္ဓိ ဣဒ္ဓိ ဆွာဟာ ( ဝင်လေ ) ဆွာဟာ ဣဒ္ဓိ မဟိဒ္ဓိ သိဒ္ဓိ အာကာသ ဥမ် ( ထွက်လေ ) ဥမ် စိန္တာမယ သိဒ္ဓိ မဟိဒ္ဓိ ဣဒ္ဓိ ဆွာဟာ ( ဝင်လေ ) ဆွာဟာ ဣဒ္ဓိ မဟိဒ္ဓိ သိဒ္ဓိ စိန္တာမယ ဥမ် ( ထွက်လေ ) ဥမ် ဣဒ္ဓိဝိဓ သိဒ္ဓိ မဟိဒ္ဓိ ဣဒ္ဓိ ဆွာဟာ ( ဝင်လေ ) ဆွာဟာ ဣဒ္ဓိ မဟိဒ္ဓိ သိဒ္ဓိ ဣဒ္ဓိဝိဓ ဥမ် ( ထွက်လေ ) ဥမ် ပီယ ဓန ကာယ အာရောဂျ အာယု ပထဝီ ဥဒက အာကာသ စိန္တာမယ ဣဒ္ဓိဝိဓ သိဒ္ဓိ မဟိဒ္ဓိ ဣဒ္ဓိ ဆွာဟာ ( ဝင်လေ - အရှည် ) သိဒ္ဓိ ( ပုတီးတစ်လုံး ) မဟိဒ္ဓိ ( ပုတီးတစ်လုံး ) ဣဒ္ဓိ ( ပုတီးတစ်လုံး ) ••• အတိုင်းဆက်စိပ်ပွား ( အသက်အောင့် - ပုတီးစိပ် ~ ၁ပတ် > ၉ပတ် ) ဆွာဟာ ဣဒ္ဓိ မဟိဒ္ဓိ သိဒ္ဓိ ဣဒ္ဓိဝိဓ စိန္တာမယ အာကာသ ဥဒက ပထဝီ အာယု အာရောဂျ ကာယ ဓန ပီယ ဥမ် ( ထွက်လေ - အရှည် ) တစ်ကြိမ် ပြီး၏ •••••• မှတ်ချက် ။ ။ ဤကျင့်စဉ်သည် သမားစဉ်မနောဆက် မှရသော ပညာဖြစ်၏ ။ လောကီသိဒ္ဓိစွမ်းအားကိုရရှိလို သောပုဂ္ဂိုလ်အပေါင်းတို့ အားထုတ်နိုင်ပါစေသတည်း ။

Saturday, October 28, 2017

သရဏဂုံ အင်းပညာတစ်ခု

သရဏဂုံ မိတ်သုံးစုံ ပတ်ခွေ ဝိုင်းကာရေး အဝင်နက္ခတ် ဝံသေဓာတ် မိအောင် စီမံပေး ပြာနုကိုလေ မျိုမှဖြင့် ပီယရယ် အဖြာဖြာ စွယ်စုံရယ် ဓန ပြီးစေလို့ အေး ••••

ပဋ္ဌမံအတတ်တစ်ခု

ဗောဓိရှစ်ခွင် ကြာဗွေယှက် ဝတစ်လုံး ပဋ္ဌမံ ဗိန္ဒုဓာတ် လောကီတစ်ခွင် မာယာစက် သိဒ္ဓိ ဘဂဝါ စိုးပိုင်လျက် ••••

ဂယာထရီမန္တရယောဂကျင့်စဉ်

ဂယာထရီမန္တန် •••••••••••••• အုမ် ဗူးရ် ဗူဝါဟ် တတ်ဆဝိသူရဝ ဗာရ်ယမ် ဗာဂေါဒေဝရှ ဒဟိမေဟိ ဒေယို ယိုန ပရကျိုဒြပ် အွမ် ချက္ကရဗီဇမန္တန်များ •••••••••••••••••• အုမ် = အင်ဂျနချက္ကရဗီဇမန္တန် ဟမ် = ဝိသုဒ္ဓချက္ကရဗီဇမန္တန် ယမ် = အနာဟာတချက္ကရဗီဇမန္တန် ရမ် = မဏိပူရချက္ကရဗီဇမန္တန် ဗမ် = ဆာဒိသနချက္ကရဗီဇမန္တန် လမ် = မူလဒြချက္ကရဗီဇမန္တန် ---------------------------------------------------------------- ဂယာထရီမန္တရကျင့်စဉ် •••••••••••••••••••••• မူလဒြချက္ကရ - အုမ်ဗူးရ် ဆာဒိသနချက္ကရ - ဗူဝါဟ် မဏိပူရချက္ကရ - တတ်ဆဝိသူရဝ အနာဟာတချက္ကရ - ဗာရ်ယမ် ဗာဂေါဒေဝရှ ဝိသုဒ္ဓချက္ကရ - ဒဟိမေဟိ အင်ဂျနချက္ကရ - ဒေယို ယိုနပရကျိုဒြပ် သဟဇာတချက္ကရ - အွမ် အင်ဂျနချက္ကရ - အုမ် ဝိသုဒ္ဓချက္ကရ - ဟမ် အနာဟာတချက္ကရ - ယမ် မဏိပူရချက္ကရ - ရမ် ဆာဒိသနချက္ကရ - ဗမ် မူလဒြချက္ကရ - လမ် ----------------------------------------------------------- ဂယာထရီမန္တန်၏အသံစွမ်းအားသည် ကုဏ္ဍလိနီစွမ်းအားကိုနိုးထစေသည် ။ မန္တန်အဓိပ္ပါယ်မှာ - လောက၏အရှင်ဖြစ်တော်မူသော ဘရာမန်ဘုရား၏ ဂုဏ်တော်ကို ပူဇော်ခြင်းဖြင့် ဘရာမန်ဈာန်ဘုရားက တပည့်တော်၏ မနောဝိညာဉ်ကို အလင်းဓာတ်ပေးတော် မူပါဘုရား ။ အဓိပ္ပါယ်အားဖြင့်မထူးခြားသော်လည်းမန္တန်၌ပါဝင်သောအသံများသည်စွမ်းအားအလွန်မြင့်သောအသံများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည် ။ ဆွဲအားပြင်းထန်သည် ။ ချက္ကရဗီဇမန္တန်များသည် အဓိပ္ပါယ်အားဖြင့် မရှိပါ။ အသံစွမ်းအားသက်သက်ဖြင့် ချက္ကရများကိုပွင့်စေ နိုင်သောမန္တန်များဖြစ်သည် ။ ဤကျင့်စဉ်တွင် ဂယာထရီမန္တန်၏ အသံစွမ်းအင်ဖြင့် ဂယာထရီဒေဝီကိုပင့်ခေါ်ပြီး ချက္ကရများကိုနိုးကြားစေကာ ကုဏ္ဍလိနီစွမ်းအင်ကို ဗီဇမန္တန်စွမ်းအားကိုသုံး၍ မူလနေရာသို့ ပြန်ပို့ ခြင်းဖြစ်သည် ။ စိတ် ရုပ်ခန္ဓာ အဝတ်အစား နေရာဋ္ဌာန သန့်ရှင်းမှ ရွတ်ဆိုရမည် ။ --------------------------------------------------------------- ဂယာထရီမန္တန် = ကုဏ္ဍလိနီနိုးစေသောမန္တန် ဂယာထရီဒေဝီ = ကုဏ္ဍလိနီစွမ်းအားစောင့်နတ်သမီး --------------------------------------------------------------- မှတ်ချက် ။ ။ ချက္ကရတစ်ခုရွတ်ဆိုလျှင် မိမိစိတ်ထဲမှ မီးတောက်ကလေးတစ်ခု ထွန်းလင်းတောက်ပနေသည်ဟု စိတ်မှပုံဖော်ထားပါ ။ ဤပညာသည် သမားစဉ်မနောဆက်မှ ရသောပညာတစ်မျိုးဖြစ်၏ ။

Saturday, June 3, 2017

မဟာသိဒ္ဓိ ပဋိပတ်ကြီး ( ၃၀ )

၁။ စမရွံ နမာ တမံ မောဟ ဝိမံ ဇာတိ ဝိမံမ နတုလျာယ စရသုတယ သုဟုသွာဟ ၂။ စမရွံ နမော ရတနတ္တယာယ တိလောက ပူဇာယ ဇယ မင်္ဂလ ဘိသျှတေ သုယတိ သုယတိ ဒွါယတိ သွာဟ ( စမသိဒ္ဓိ မန္တရား ) ၃။ စမရွံ နမာ ဘဂ္ဂိယနတ် ဘရိယနတ် ပူဇာယနတ် သာဂရုနတ် သိဒ္ဓိ သိဒ္ဓိ သွာဟ ( မဟာသိဒ္ဓိ မန္တရား ) ၄။ စမရွံ နမာ သိရာ လောကဟိတာယ ပေရေတိလောကော မပစာရ ဂြဟ နိနိ သိဒ္ဓိနာမ သွာဟ ( သူရိယသိဒ္ဓိ မန္တရား ) ၅။ စမရွံ နမာ စရာယ မဟာသိဒ္ဓိ ကရဏာယ ဒံသျှတိ ဒံသျှ ကန္နရာ ပုမုစပု သဝေ သိဝေ ဝေသိက သုမုတာယ သုဟုသွာဟ ( သူရသိဒ္ဓိ မန္တရား ) ၆။ စမရွံ နမာ သေဋ္ဌဘူတာယ ဒေဝိန္ဒရာယဓမ္မာ ဒေဝါယ ကန္တိကာယတိ ကာလိကာယ ဝိလိကာယ ဘိသျှ ဟုလု ဟုလု သွာဟ ( နာဂသိဒ္ဓိ မန္တရား ) ၇။ စမရွံ နမာ ပရိသုဒ္ဓိက ကာမံ ဇဂန ပတိ ဝိပရသူရာယ ခုခုသွာဟ ( ဂန္ထသိဒ္ဓိ မန္တရား ) ၈။ စမရွံ နမာ မုနိန္ဒရာယ ဣဿာယ ဣဿာယ ဟရုံပတိ ဟရုံပတိ သွာဟ ( ဝလာဟသိဒ္ဓိ မန္တရား ) ၉။ စမရွံ နမာ အင်္ဂီရာယ ဇနတာ ဘတ္တာယ ပတ္တိကာယ သူရဇ္ဇိတွာယ ဂီရိတွာ ဂရိတာယ သွာဟ ( ပစ္စုပ္ပန္နသိဒ္ဓိ မန္တရား ) ၁၀။ စမရွံ နမာ နရဝါ သုဘာယ သဗ္ဗလောက ဝိရုဇာယ ဟရိ ဘိသျှန ကာယတိ လောလိ ဝရတိ ဟုလု ဟုလု သွာဟ ( သူရသိဒ္ဓိ မန္တရား ) ၁၁။ စမရွံ နမာ ဗြာဟ္မန္တု သိဝါယ သဗ္ဗလောက ဝနက္ခတာ လောကာ လိကာ နုသျှ ဝိနာ ဝိနာသျှ ဝိလတာ ခုခုသွာဟ ပဒါတိ ( စန္ဒရသိဒ္ဓိ မန္တရား ) ၁၂။ စမရွံ နမာ မဟာ ဝိနာယကာ စန္ဒရာ ဒေဝါယ ဘူသိတာ စတသျှ ဇ သင်္ခါရိ တရွံ ဝိတယာဝ အဿုနိ တယာဝ ဇာသွာဟုံ သွာ ဟ ယ ကပ် ( လောကသိဒ္ဓိ မန္တရား ) ၁၃။ စမရွံ နမာ ပိပ္ပလု ဒေဝါယ မဟိဒ္ဓိကာ စိတ္တိယ သွာဟ သွာဟုံဟ ( ဒိဂျာဝါရသိဒ္ဓိ မန္တရား ) ၁၄။ စမရွံ နမာ သဗ္ဗသော ကောဓိ မဟာဗြာဟ္မာ သိဒ္ဓိကံ ဒေဝကာရ ဟုလု ဟုလု သွာဟ ( မဟာနောသိဒ္ဓိ မန္တရား ) ၁၅။ စမရွံ နမာ သဗ္ဗလောက တေဟတိ သဗ္ဗတ္တ ကောဋိ ဗြာဟ္မ ကောဋိ ဗြာဟ္မ ကောဋိ အနုတ္တရာယ အနုဘာဝေန ဝါနိကာယ ( သီလဝသိဒ္ဓိ မန္တရား ) ၁၆။ စမရွံ နမော တရေ လကျနတ္တရိ ဘာဝနာယ သိဒ္ဓိ ဟုလု ဟုလု သွာဟ ( ပစ္စသိဒ္ဓိ မန္တရား ) ၁၇။ စမရွံ သဗ္ဗကိဏာယ ပရမ လောက ဒေဝါယ ဥတ္တရာယ ဒိသာ ဟုလု ဟုလု သွာဟ ( သီတာမသိဒ္ဓိ မန္တရား ) ၁၈။ စမရွံ နမာ အရောဂိကာယ ဗြာဟ္မာယ ဂျဝါယ အရိန္ဒကာယ သွာဟ ( ဗြာဟ္မာသိဒ္ဓိ မန္တရား ) ၁၉။ စမရွံ အွံ နမာ သိဒ္ဓိယ ကာယ ဗြာဟ္မာယ တုန္ဒိကာ ဝန္ဒိကာ ယက္ခသမာ သွာဟ ( ဗြဟ္မာဝိနာယကသိဒ္ဓိ မန္တရား ) ၂၀။ စမရွံ အွံ နမာ ဗုဒ္ဓဝံသ တေစ ကပ္ပလိ သိဒ္ဓိ ဂုရု ဂုရု သိဒ္ဓိ သွာဟ ( ဂင်္ဂါရသိဒ္ဓိ မန္တရား ) ၂၁။ စမရွံ အွံ နမာ တြိ ဘဒြ စက္ကဝါဠ ဗြာဟ္မာယ သုရဘ ဇောတိကာယ သိဒ္ဓိ စမ္မာယ သွာဟ ( ဗြဟ္မာသီရိသိဒ္ဓိ မန္တရား ) ၂၂။ စမရွံ အွံ နမာ ဓမ္မကာရ သဗ္ဗဗုဒ္ဓဂုဏံ ဘူတကာရံ အဟိ အဟိ ဒကံ ယံ ယံ ယတိ ဟုလု ဟုလု သွာဟ ( သွာဟသိဒ္ဓိ မန္တရား ) ၂၃။ စမရွံ အွံ နမာ ကဗျာ တိ ဗုဒ္ဓါ ပစ္စေက ဗုဒ္ဓါ သဗ္ဗတ္ထ ဗုဒ္ဓါ သဗ္ဗဒေဝါ သေဋ္ဌိ ကာရံစ ပေစူဝသဒ္ဓိ သွာဟ ( ယကုမ္ဘိသိဒ္ဓိ မန္တရား ) ၂၄။ စမရွံ နမာ ပိမယ စရိ သဒ္ဓါယ စက္ကဝါဠာ မဟာစူဠာ ဂင်္ဂါ ရဘဿိကာနော ဟရေ မင်္ဂ ဟုလု ဟုလု သွာဟ ( မပဇာယသိဒ္ဓိ မန္တရား ) ၂၅။ စမရွံ အွံ နမော လောကသဒ္ဒါ နေတ္တိ ကာယ စမရွံ အွံ ဗုဒ္ဓါ ယဿာ နေတ္တိကာယ သြကေ ယန္တိကာယ အံ နမော သိဒ္ဓိ သွာဟ ( သနသိဒ္ဓိ မန္တရား ) ၂၆။ စမရွံ အွံ နမာ ဗုဒ္ဓါယ နမာ ဓမ္မာယ ဂုရု ဂုရု သွာဟ ( နေလသိဒ္ဓိ မန္တရား ) ၂၇။ စမရွံ နမာ ဓမ္မာယ နမာစ ကောယ နမာ သဒ္ဓါ မဟာ သိဒ္ဓိဘယံ ဒလိဒ္ဓိ နုမာရာယ သိဒ္ဓိ ဇယ ဇယ သွာဟ ( ဝိရူဠကသိဒ္ဓိ မန္တရား ) ၂၈။ စမရွံ သံဃာယ ဝိဇိတာ ရက္ခု သွာရ ဇေယျာ ဟုလု ဟုလု သွာ ဟုံဟုံ ( ဝိရူပက္ခသိဒ္ဓိ မန္တရား ) ၂၉။ စမရွံ အွံ နမာ သဗ္ဗရတနတ္တယာယ ပစ္စေက ဗုဒ္ဓါ အဋ္ဌရဟန္တာ ဇော်ဂနီ ပတ္တ ဗြာဟ္မေ သရာတိ သွာဟ ( သုဝဏ္ဏသိဒ္ဓိ မန္တရား ) ၃၀။ စမရွံ အွံ နမာ သဗ္ဗ ဗုဒ္ဓါနံ အပရစိတ္တံ ဟိုင်း ဟိုင်း သွာဟ ၁ - မှာ ရန်အောင် အခေါင်လာဘ်ကြီး ၂ - မှာ ပူဇော် အကျော်ဖြစ်ပြီ ၃ - မှာ ဘေးကင်း ၄ - မှာ ညစ်ကြေးကင်းစင်ဝေးပြီး ရန်လည်းအောင်ပြန် ၅ - မှာ လိုရာ ဓိဋ္ဌာန်ပါမူ ဖြစ်သောဟူ၏ ၆ - မှာ ပညာ တတ်လွယ်စွာ၏ ၇ - မှာ လက်နတ်ခပ်သိမ်း ကင်းငြိမ်းစေကြောင်း ၈ - မှာ များစွာအပြစ် ပျောက်လစ်မသွေ ဘေးတွေကင်းပ ၉ - မှာ အဆိပ်ပျောက်လစ်ကင်းကွာ ၁၀ - မှာ မျက်ပြေ ချစ်ခင်လေ၏ ၁၁ - မှာ ခက်ခဲအမှု ဆောင်မှုလွယ်စွာ ၁၂ - မှာမူ ကောင်းကင်ကိုပျံ အမှန်မြင်ရ ၁၃ - မှာမူ စစ်ဟူသရွေ့ ရှုံးလေမရှိ ၁၄ - မှာ သက်ရှည်ချမ်းသာ ၁၅ - မှာ လိုတိုင်းပြီးမြောက် သိဒ္ဓိပေါက်၏ ၁၆ - မှာ ရောဂါဘေးကင်း အိပ်ခြင်းကောင်းစွာ ၁၇ - မှာ ခေါင်းဆေးမင်္ဂလာပြုရပါမူ နတ်လူချစ်ခင် ၁၈ - မှာ တိရိစ္ဆာန်ဘေးရန် ကင်းဘိမှန်၏ ၁၉ - မှာ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းစေပြီ ၂၀ - မှာ အများချစ်ခင် ရန်ပင်မရှိ ၂၁ - မှာ မနှိပ်စက်နိုင် ကြီးခိုင်ခွန်အား အဆင်းများလှ ၂၂ - မှာ ရေဘေးကင်းဘိ သိဘိလွယ်ကူ ပညာဟူ၏ ၂၃ - မှာ နှောင်ဖွဲ့လွတ်ကင်း ချမ်းသာခြင်းပေး ၂၄ - မှာ မိုးကြိုးလောင်မီး ဘေးကြီးကင်းကွာ ပျက်ပျောက်ရာ၏ ၂၅ - မှာ နတ်များပူဇော် ၂၆ - မှာ စစ်သော်အောင်၏ ၂၇ - မှာ လွှဲ၏လက်နတ် ၂၈ - မှာ စိတ်မှာအောက်မေ့ လက်နတ်ရွေ့ ၏ ၂၉ - မှာ သူ၏စစ်သည် ပျက်သည်လုံးလုံး ၃၀ - မှာမှတ် ရပ်ဆယ်မျက်နှာရန်တကာရှင်း အောင်ပွဲခင်းသည် မဟာသိဒ္ဓိပဋိပတ္တိ ( ၃၀ ) သီရိပတ်ကြီးတည်း ။

Sunday, April 9, 2017

ပုပ္ဖမယသိဒ္ဓိမန္တန်

ဥုံ အဋ္ဌဝီသတိ သမ္ဗုဒ္ဓေါ ဓမ္မောအဋ္ဌဝီသတိ ဗောဓိအသီတိ အဂ္ဂသာဝက မဟာသာဝကာ အရဟန္တာ ဂုဏတေဇေန ရာဇာပီယေ ဒေဝီပီယံ သိရိဘောဂ သိန္နေဟံ ဧဟိ ဧဟိ ချဉ်း ဆရာ ချဉ်း ကပ် ဆရာ ကပ် ။ ဤမန္တန်အားစီရင်လိုသောအခါ မစီရင်မှီ ရရာပန်းကို ဘုရားတွင် တဝက်ခွဲလှူဒါန်း ငါးပါးသီလကို ခံယူဆောက်တည်ပါ ။ ပြီးသောအခါ တဝက်ချန်ထားသော ပန်းကို အထက်ပါ မန္တန်ဖြင့် ( ၃၇ ) အုပ်မန်း၍ ဆောင်ရမည် ။ ယောင်္ကျားဖြစ်လျှင် အိပ်ကပ်ထဲဆောင်ပါ။ မိန်းမဖြစ်လျှင် ဦးခေါင်းတွင် ပန်ဆင်ပါ ။ လူမြင်တိုင်းချစ်ခင်စေတတ်၏ ။ မိမိပြောစကား အောင်မြင်စေတတ်၏ ။ စည်းစိမ်ဥစ္စာရွှေငွေ တိုးတတ်လာ၏ ။ တရားတဘောင်ရုံးကိစ္စရှိလျှင်လည်း မိမိပြောစကား အောင်မြင်၍ အနိုင်ရတတ်၏ ။ ထိုစီရင်ပြီးသား ပန်းကိုဆောင်၍ ကိစ္စအတွက်သွား လိုသောအခါ မိမိသွားဖို့ အရပ်ကစ၍ အရပ်လေးမျက်နှာတွင် ရှိကြသော သတ္တဝါအပေါင်းကို တကယ့်စေတနာဖြင့် မေတ္တာပို့ ပြီးသွားလေ အမှန်အောင်မြင်၏ ။ အကျိုးတရားများစွာ ကျန်သေး၏ ။ မှတ်ချက် ။ ။ ဤမန္တန်သည် ပျောက်ကွယ်လုနီးပါးဖြစ်နေ သောရှားပါးမန္တန်ကောင်းတစ်ပုဒ်ဖြစ်သည်။

ဓာတ်လေးပါးအသက်ရှူနည်း

ဓာတ်ကြီးလေးပါးအပေါ်အခြေခံ၍ အသက်ရှူလေ့ကျင့်ခန်းအားတရားထိုင်သော ပုံစံဖြင့် တစ်မျိုးလျှင် ( ၅ ) မိနစ်ကြာလေ့ကျင့်နိုင်သည် ။ ၁။ မြေဓာတ်ကိုယ်စားပြုအသက်ရှူနည်း ****************************** နှာခေါင်းမှတဆင့်ဝင်သက်လေရှူပေးပါ ။ ထွက်လေကိုလည်းနှာခေါင်းမှတဆင့်ထုတ်ပေးပါ ။ ၂။ ရေဓာတ်ကိုယ်စားပြုအသက်ရှူနည်း ******************************* ဝင်သက်အားနှာခေါင်းမှတဆင့်ရှူသွင်းပြီး ဝ ပုံစံဖန်တီးပြုလုပ်လိုက်သောပါးစပ်ပေါက်မှ ထွက်သက်လေကိုထုတ်ပါ ။ ၃။ မီးဓာတ်ကိုယ်စားပြုအသက်ရှူနည်း ***************************** လျှာအားအပေါ်သို့လှိမ့်တင်၍ ယင်းလှိမ့်ထားသော လျှာပေါ်မှလေကိုရှူသွင်းပါ ။ ထွက်သက်လေအား နှာခေါင်းမှတဆင့်ထုတ်ပေးပါ ။ ၄။ လေဓာတ်ကိုယ်စားပြုအသက်ရှူနည်း ******************************* ဝ ပုံစံဖန်တီးထားသောပါးစပ်ပေါက်မှလေကိုရှူသွင်းပြီး ယင်းအနေအထားအတိုင်းလေကိုပြန်ထုတ်ပါ ။ မှတ်ချက် ။ ။ ပညာရှင်များနှင့်ဝါသနာရှင်များ မိမိတို့ မိမိတို့ ဥာဏ်ရှင်သလိုအသုံးပြုနိုင်ရန် ကျွန်ုပ်၏ မနစက္ကနာနာမဟိဒ္ဓိစေပညာ ထဲမှပညာမှတ်တမ်းတစ်ခုအား ဖွင့်ဖော်ပြသည် ။

Wednesday, April 5, 2017

လိုသူကိုခေါ်နိုင်သောမန္တန်

ဥမ် သူရံ သူရံ စန္ဒာရာဇာနံ ရာဇာဒေဝီရာ ရာဇကုမ္မာ ရောဝါ ဣတ္ထိပူရိသောဝါ ဧက စိတ္တံ ပီယံ ဟောန္တု မံ သွာဟ ဤမန္တန်ကို မိမိမွေးနေ့မှအစပြု ( ၇ ) ရက်တိတိ မိမိခန္ဓာကိုယ်တွင်းသွင်းသော အစားအစာ ရေ စသည်များကို ( ၃၇ ) အုပ်မန်း၍ စားသောက်ပါ။ နေ့စဉ် ရွတ်ဖတ်ပါ ။ ထုံထားပါ ။ ( ၇ ) ရက်ပြီးလျှင် မိမိလိုသောသူကိုကြည့်ကာ မန္တန် ( ၇ ) အုပ်မန်းပါ ။ ထိုသူမိမိဆီလာလျှင်အောင်၏ ။ မအောင်လျှင် ( ၇ ) ရက်ဆက်ဝင်ပါ ။

Wednesday, March 22, 2017

ချစ်သူကိုအိပ်မက်ပေး၍မိမိကိုသတိရစေနိုင်သောနည်း

ညအိပ်ယာဝင်ခါနီး ခေါင်းအုံးရှေ့မှာထိုင်ချစ်သူ ဓါတ်ပုံကို ညာဘက်လက်ကကိုင် မျက်နှာကိုမိမိဘက်ကိုမျက်နှာမူထား သေချာစူးစိုက်ကြည့်၍ { ဥုံ ဆရဆွတီ ဒေဝီမယ်လျှ ကိုယ်တိုင်ကြွလျက် ( ******* ) အား ကစားလိပ်ပြာအိပ်မက်ပေးပါလော့ ဥုံ ဂစ္ဆ အမုမှိ သြကာသေ တိဋ္ဌာဟိ } ဤမန္တန်ကို တစ်ခေါက်ရွတ် ရွတ်ဆိုနေချိန်အသက်အောင့်ထား တစ်ခေါက်ပြီးလျှင် ခေါင်းအုံးကို ဓါတ်ပုံနဲ့တစ်ချက်ပုတ် အဲ့အတိုင်း ၇ ကြိမ်လုပ်ပါ ပြီးလျှင် ဓါတ်ပုံကို ကျောဘက်ကိုလှန်ပြီးကိုင် ပြောင်ဘက်အခြမ်းဖြစ်နေလိမ့်မယ် အဲ့ဘက်အခြမ်းကိုလဲ ခုနကလို စိုက်ကြည့် အသက်အောင့် မန္တန်ရွတ် ခေါင်းအုံးကို ဓါတ်ပုံနဲ့တစ်ချက်ပုတ် အဲ့အတိုင်း ၇ ခါလုပ် အားလုံးဆိုတော့ အတည့် ၇ ခါ ပြောင်းပြန် ၇ ခါ ၁၄ ခါပေါ့ ပြီးသွားရင် ဓါတ်ပုံကို ခေါင်းအုံးထဲထည့် ချစ်သူကိုစိတ်အာရုံပြုပြီးအိပ်ပါလေ ။

သိဒ္ဓိ ( ၃၀ ) အမည်များ

၁။ ကာယသိဒ္ဓိ ၂။ ဓနသိဒ္ဓိ ၃။ ပီယသိဒ္ဓိ ၄။ အဟာရသိဒ္ဓိ ၅။ အာယုသိဒ္ဓိ ၆။ ပထဝီသိဒ္ဓိ ၇။ ဥဒကသိဒ္ဓိ ၈။ တေဇောသိဒ္ဓိ ၉။ ဝါယောသိဒ္ဓိ ၁၀။ အာကာသသိဒ္ဓိ ၁၁။ အနုလောမသိဒ္ဓိ ၁၂။ ပဋိလောမသိဒ္ဓိ ၁၃။ မနောမယသိဒ္ဓိ ၁၄။ ဣစ္ဆာသယသိဒ္ဓိ ၁၅။ စိန္တာမယသိဒ္ဓိ ၁၆။ သဗ္ဗသာဓာရဏဒါတုသိဒ္ဓိ ၁၇။ တိပိဋကဓရသိဒ္ဓိ ၁၈။ ဗေဒဝိဇ္ဇာဓရသိဒ္ဓိ ၁၉။ ဣဒ္ဓိဝိဓသိဒ္ဓိ ၂၀။ ဒိဗ္ဗစက္ခုသိဒ္ဓိ ၂၁။ ဒိဗ္ဗသောတသိဒ္ဓိ ၂၂။ စေတောပရိယသိဒ္ဓိ ၂၃။ ပုဗ္ဗေနိဝါသနုဿတိသိဒ္ဓိ ၂၄။ ပရစိတ္တဝိဇ္ဇာနနသိဒ္ဓိ ၂၅။ အနာဂတံသသိဒ္ဓိ ၂၆။ ယထာကမ္မုပဂသိဒ္ဓိ ၂၇။ အာသဝက္ခယသိဒ္ဓိ ၂၈။ မဟာဝိဇရဥာဏသိဒ္ဓိ ၂၉။ အပဋိဟတဘာဏသိဒ္ဓိ ၃၀။ သဗ္ဗညုတဥာဏသိဒ္ဓိ

သိဒ္ဓိပေါက်ပဋ္ဌမံအင်းတော်