Copyright © 2025
ဝိဇ္ဇာမဟိဒ္ဓိမဟာဗောဓိပဋ္ဌမံဂိုဏ်းအုပ် ဆရာမြစလွယ်. Design by Wordpress Themes Park
Sunday, April 9, 2017
ပုပ္ဖမယသိဒ္ဓိမန္တန်
ဥုံ အဋ္ဌဝီသတိ သမ္ဗုဒ္ဓေါ ဓမ္မောအဋ္ဌဝီသတိ
ဗောဓိအသီတိ အဂ္ဂသာဝက မဟာသာဝကာ
အရဟန္တာ ဂုဏတေဇေန ရာဇာပီယေ ဒေဝီပီယံ
သိရိဘောဂ သိန္နေဟံ ဧဟိ ဧဟိ
ချဉ်း ဆရာ ချဉ်း
ကပ် ဆရာ ကပ် ။
ဤမန္တန်အားစီရင်လိုသောအခါ မစီရင်မှီ ရရာပန်းကို
ဘုရားတွင် တဝက်ခွဲလှူဒါန်း ငါးပါးသီလကို
ခံယူဆောက်တည်ပါ ။
ပြီးသောအခါ တဝက်ချန်ထားသော ပန်းကို
အထက်ပါ မန္တန်ဖြင့် ( ၃၇ ) အုပ်မန်း၍
ဆောင်ရမည် ။
ယောင်္ကျားဖြစ်လျှင် အိပ်ကပ်ထဲဆောင်ပါ။
မိန်းမဖြစ်လျှင် ဦးခေါင်းတွင် ပန်ဆင်ပါ ။
လူမြင်တိုင်းချစ်ခင်စေတတ်၏ ။
မိမိပြောစကား အောင်မြင်စေတတ်၏ ။
စည်းစိမ်ဥစ္စာရွှေငွေ တိုးတတ်လာ၏ ။
တရားတဘောင်ရုံးကိစ္စရှိလျှင်လည်း
မိမိပြောစကား အောင်မြင်၍ အနိုင်ရတတ်၏ ။
ထိုစီရင်ပြီးသား ပန်းကိုဆောင်၍ ကိစ္စအတွက်သွား
လိုသောအခါ မိမိသွားဖို့ အရပ်ကစ၍
အရပ်လေးမျက်နှာတွင် ရှိကြသော သတ္တဝါအပေါင်းကို
တကယ့်စေတနာဖြင့် မေတ္တာပို့ ပြီးသွားလေ
အမှန်အောင်မြင်၏ ။
အကျိုးတရားများစွာ ကျန်သေး၏ ။
မှတ်ချက် ။ ။ ဤမန္တန်သည် ပျောက်ကွယ်လုနီးပါးဖြစ်နေ
သောရှားပါးမန္တန်ကောင်းတစ်ပုဒ်ဖြစ်သည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment