Sunday, April 9, 2017

ဓာတ်လေးပါးအသက်ရှူနည်း

ဓာတ်ကြီးလေးပါးအပေါ်အခြေခံ၍ အသက်ရှူလေ့ကျင့်ခန်းအားတရားထိုင်သော ပုံစံဖြင့် တစ်မျိုးလျှင် ( ၅ ) မိနစ်ကြာလေ့ကျင့်နိုင်သည် ။ ၁။ မြေဓာတ်ကိုယ်စားပြုအသက်ရှူနည်း ****************************** နှာခေါင်းမှတဆင့်ဝင်သက်လေရှူပေးပါ ။ ထွက်လေကိုလည်းနှာခေါင်းမှတဆင့်ထုတ်ပေးပါ ။ ၂။ ရေဓာတ်ကိုယ်စားပြုအသက်ရှူနည်း ******************************* ဝင်သက်အားနှာခေါင်းမှတဆင့်ရှူသွင်းပြီး ဝ ပုံစံဖန်တီးပြုလုပ်လိုက်သောပါးစပ်ပေါက်မှ ထွက်သက်လေကိုထုတ်ပါ ။ ၃။ မီးဓာတ်ကိုယ်စားပြုအသက်ရှူနည်း ***************************** လျှာအားအပေါ်သို့လှိမ့်တင်၍ ယင်းလှိမ့်ထားသော လျှာပေါ်မှလေကိုရှူသွင်းပါ ။ ထွက်သက်လေအား နှာခေါင်းမှတဆင့်ထုတ်ပေးပါ ။ ၄။ လေဓာတ်ကိုယ်စားပြုအသက်ရှူနည်း ******************************* ဝ ပုံစံဖန်တီးထားသောပါးစပ်ပေါက်မှလေကိုရှူသွင်းပြီး ယင်းအနေအထားအတိုင်းလေကိုပြန်ထုတ်ပါ ။ မှတ်ချက် ။ ။ ပညာရှင်များနှင့်ဝါသနာရှင်များ မိမိတို့ မိမိတို့ ဥာဏ်ရှင်သလိုအသုံးပြုနိုင်ရန် ကျွန်ုပ်၏ မနစက္ကနာနာမဟိဒ္ဓိစေပညာ ထဲမှပညာမှတ်တမ်းတစ်ခုအား ဖွင့်ဖော်ပြသည် ။

0 comments:

Post a Comment