တြေပိဋကမ် ဆမ္ပုန္နံ ဆဗ္ဗဆိဒ္ဓိ ဆုခါဝဟံ
ဂျိဝှဂ္ဂေ မေ နိသျှီ ဒိတွာ မံ ဓာရေတု ဆရဆွတီ
အမှုအခင်းတရားတွေ့သော် ရေကို ( ၇ ) အုပ်မန်း
မျက်နှာသစ်သွားပါ။
မျက်နှာပွင့်လန်းလိုသော် နံ့သာဆီ ( သို့မဟုတ် )
ရေမွှေးကို ယင်းမန္တန်နှင့် ( ၇ ) အုပ်စုပ်၍
ညာဘက်လက်ဖြင့်ရေမွှေးကိုတို့ပြီး
နဖူးတည့်တည့်တွင် ( မှန်ကူ ) သုတ်သွားပါ။
အာစက် လျှာစက်ထက်မြက်လိုသော်
မိမိပြောဆိုတိုင်း အောင်မြင်လိုသော်
ကွမ်းယာ သကြားလုံး တစ်ခုခုကို ( ၇ ) အုပ်မန်း
စားသွားပါ။
လာဘ်ရွှင်လိုလျှင် မိမိအိမ်မှ အထွက်တွင် မန္တန်ဖြင့်
( ၇ ) အုပ်ရွတ်သွားပါ။ မိမိသုံးစွဲမည့်ငွေစက္ကူ
တို့ကိုလဲ ထိုနည်းအတိုင်းသုံးပါ။
မိမိအားအိမ်သားအားလုံးနှင့်တကွ အိမ်လာသမျှ
သူများချစ်ခင်စေလိုသော် သောက်ရေ
ရေနွေးကြမ်းစသည်တို့ကို ( ၇ ) အုပ်မန်းထားပါ။
ဈေးရောင်းကောင်းစေလိုသော် ကုန်ပစ္စည်းများနှင့် ပိုက်ဆံ
သေတ္တာ ဗူးခွက် စသည်တို့ကို အထက်နည်း
အတိုင်း ( ၇ ) ခေါက်မန်းထားပါ။
ခရီးသွားသော် သွားမည့်အရပ်ကို မျက်နှာမူ၍
မန္တန် ( ၇ ) အုပ်ရွတ်သွားပါ ။
မိမိစားသောက်သော ထမင်း မုန့် ပဲ အချို အချဉ်
တို့ကိုလည်း ( ၇ ) အုပ်မန်းစားပါ။
အကျိုးထူးပါလိမ့်မည်။
ကျောင်းသူ ကျောင်းသားများအနေဖြင့်
မိမိတို့၏ စာအုပ် ခဲတံ ဖောင်တိန်
စသည်တို့ကို မန္တန်ဖြင့် နေ့စဉ် ( ၇ ) ခေါက်
မန်းမှုတ်ပေးပါက ဥာဏ်ပညာတိုးပွားစေ၏။
စာမေးပွဲဖြေသောအခါ မဖြေဆိုမီ ဖောင်တိန်
ဘောပင် စာရွက် စသည်တို့ကို ( ၇ ) ခေါက်
မန်းမှုတ်ဖြေဆိုပါ။ သတိဥာဏ်ပွင့်လင်းလာမည်။
သတိမေ့သည့်အရာဟူ၍ မရှိတော့ပါ။
စာမေးပွဲကို ရွှင်လန်းစွာဖြေဆိုနိုင်မည် ။
ဤမန္တန်သည် အလွန်တန်ခိုးကြီး၍
ယုံကြည်မှုသဒ္ဓါစိတ်ဖြင့် ပြုလုပ်ပါ။
မုချထူးခြားမှုများတွေ့ရမည်ဖြစ်ပါသည် ။
Copyright ©
ဝိဇ္ဇာမဟိဒ္ဓိမဟာဗောဓိပဋ္ဌမံဂိုဏ်းအုပ် ဆရာမြစလွယ်. Design by Wordpress Themes Park
0 comments:
Post a Comment