Copyright ©
ဝိဇ္ဇာမဟိဒ္ဓိမဟာဗောဓိပဋ္ဌမံဂိုဏ်းအုပ် ဆရာမြစလွယ်. Design by Wordpress Themes Park
Saturday, July 23, 2016
ဝိဇ္ဇာမဟိဒ္ဓိမဟာဗောဓိပဋ္ဌမံရူပံလင်္ကာတော်
သိမ်ဝင်သပိတ် ကွဲအစိတ်၌ ချနှိတ်ဆောင်မြောက်
ရန်မျိုးပျောက်၏ မီးပေါက်လှံဓား သစ်ကျားခြင်္သေ့
ရင်ဆိုင်တွေ့က ထိပ်စခေါင်ဖျား တင်ထား၍ဟစ်
ရေမှာပစ်က သောင်ထွန်းရ၏
ဒေဝမိစ္ဆာ နာနာစုန်းဖမ်း အကြမ်းသရဲ မှီစွဲကပ်က
ရေတွင်ချလျက် လက်ပြန်စိမ်တိုက် မှတ်ပိုက်ထို့ပြင်
ကြေးနီစင်ဝယ် တင်ယူအရုပ် လက်ဖွဲ့လုပ်၍
စုတ်လေဂုဏ်တော် သန်းခေါင်ကျော်တွင် ထင်ပေါ်ဝင်းပြောင် ကိုယ်မှာဆောင်က
ဘေးကွာရ၏ ထိုမှတချက် လက်နတ်အများ တုတ်လှံဓားက အပါးတစ်ဆယ် ပြည့်ဖြိုးကြွယ်၏ တသွယ်မမှား ရွှေပြားမှာချ ခြေကစ၍ လိပ်ထတမျိုး ကြိုးလည်းမပါ နားပင်းသာပိတ် လက်ဖွဲ့လိပ်ခါ ဂါထာသရဏဂုဏ် စုတ်တုံသောင်းထောင် ဆောင်သရွေ့မှာ မြဲမကွာလျှင်
ဆာယာရှိန်းအန် တတန်ခရီး အပြီးသို့ရောက်
လိုရာပေါက်အံ့ အမြောက်နှင့်စိန် ချိန်၍ပစ်က မီးမရ၏ သဗ္ဗပီယာ သျှိုသုံးဖြာတည့် ဒေဝါသက္က ပုရိသနှင့်
ဣတ္ထိယာမူ အတူတူပင် ချစ်ကျွမ်းဝင်၏ ရွှေစင်စင်မှာ ခတ်ခါရိုက်ငြား တင်ထား၍ချ စတုတ္တမှန်စွာ နေကဇာကို တရာရှစ်အုပ် မယုတ်မလွန် အကျိုးညွှန်သော် မိုးစွန်အထွတ် ကြယ်ကိုဆွတ်က မုချမမှား ရတုံငြားလိမ့် ဘေးများရန်ကင်း အပင်းမဝင် မီးလျှင်မလောင် ပြီးစီးအောင်အံ့ နောင်လိုရာမှု မြို့ရွာစုကို ကြည့်ရှုလိုရာ အကာထားခြင်း ကျောက်ဖြာတွင်းဝယ် ရေးလျှင်မနှောင့်
အိမ်လေးထောင့်၌ နှောင့်ရန်သူမှန် ပြုလုပ်ကြံက
ဘဒ္ဒကမ္ဘာ ဆုံးအောင်သာလျှင် ထွေဖြာဘေးရန်
ကြံ၍မရ တဝအထူး ပေဖူးပေရွက် ရေးတုံလျက်ဘိ
အဂ္ဂိမီးမြှိုက် လူတို့နှိုက်ဝယ် စုန်းတိုက်နတ်ကြမ်း
သရဲဖမ်းကို တိုက်ခန်းအမှန် ဒဏ်မျိုးပြန်၏
မှတ်ရန်တစ်ချက် လက်စက်မြေနု မီးခွက်ပြုကြ
ရေးချနေ့စဉ် အိမ်တွင်ထွန်းပါ ရတနာကိုးပါး
စုလာငြားလိမ့် များစွာဥစ္စာ မှတ်ရာထွေပြားတောသားမိစ္ဆာ နာနာရုပ်သွင် မိန်းမမြင်က တစပုဆိုး ချရိုးမင်နက် တအက္ခရာ မတိမ်းပါနှင့် ပျားသာဖယောင်း ငါးကျပ်ကောင်းကို
လက်ချောင်းရှစ်သစ် လိပ်လစ်သေချာ
ပြုပြီးခါဝယ် ဥစ္စာရှိရပ် မြေမှာကပ်၍
ထွန်းလက်တုံက စောင့်သမျှကို ပို့သကိုယ်တိုင်
အားလုံးပိုင်လိမ့် ရှုံးနိုင်တရား ကျမ်းစကားကို နိုင်ငြားလိုမူ
ခဲမဖြူကို ချယူပြီးမှ စိန္တေယျတွင် မြှုပ်ထဆုတောင်း
ပန်ရွက်ညောင်းလော့ တကြောင်းမှတ်သား
ပြဒါးသံသေ ချလေပြီးမှ နဘရကို
စုတ်ထငါးထောင် နှုတ်ငုံဆောင်က
ဆင်ပြောင်ဆယ်စီး အင်အားကြီးလိမ့် တနည်းတလီ မြေမှီမနင်း ကောင်းကင်တွင်း၌ မင်းဝိဇ္ဇာကျော် သူရောင်ပျော်လိမ့် မှော်ဝင်စုန်းနတ် စက်ကြိုးဖြတ်က ပြတ်စေချင်ငြား ပေမှာသား၍ မမှားပြာယူ ထိုးမူယုတ်လိမ့် မြေဘုတ်တရပ် နှာနှပ်မျက်စဉ်း မကြွင်းအကုန် စီရင်တုံက ချမ်းသာရလိမ့် သုခမှီထွေ ရေမှာကူးခါ ခါးမှာဆောင်လေ မေထုန်ပေါင်းဖော် ပြုသောအခါ ကိုယ်မှာမထား လွှဲရှောင်ရှားလော့
ငါးပါးအက္ခရာ ပညာပါရမီ စာဂီတရပ်
ပြည့်စေလတ်၍ သူမြတ်ဆရာ မိန့်မှာခဲ့သည်
ပညာနေသို့ ထွန်း၏တည်း ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment