Sunday, April 9, 2017

ပုပ္ဖမယသိဒ္ဓိမန္တန်

ဥုံ အဋ္ဌဝီသတိ သမ္ဗုဒ္ဓေါ ဓမ္မောအဋ္ဌဝီသတိ ဗောဓိအသီတိ အဂ္ဂသာဝက မဟာသာဝကာ အရဟန္တာ ဂုဏတေဇေန ရာဇာပီယေ ဒေဝီပီယံ သိရိဘောဂ သိန္နေဟံ ဧဟိ ဧဟိ ချဉ်း ဆရာ ချဉ်း ကပ် ဆရာ ကပ် ။ ဤမန္တန်အားစီရင်လိုသောအခါ မစီရင်မှီ ရရာပန်းကို ဘုရားတွင် တဝက်ခွဲလှူဒါန်း ငါးပါးသီလကို ခံယူဆောက်တည်ပါ ။ ပြီးသောအခါ တဝက်ချန်ထားသော ပန်းကို အထက်ပါ မန္တန်ဖြင့် ( ၃၇ ) အုပ်မန်း၍ ဆောင်ရမည် ။ ယောင်္ကျားဖြစ်လျှင် အိပ်ကပ်ထဲဆောင်ပါ။ မိန်းမဖြစ်လျှင် ဦးခေါင်းတွင် ပန်ဆင်ပါ ။ လူမြင်တိုင်းချစ်ခင်စေတတ်၏ ။ မိမိပြောစကား အောင်မြင်စေတတ်၏ ။ စည်းစိမ်ဥစ္စာရွှေငွေ တိုးတတ်လာ၏ ။ တရားတဘောင်ရုံးကိစ္စရှိလျှင်လည်း မိမိပြောစကား အောင်မြင်၍ အနိုင်ရတတ်၏ ။ ထိုစီရင်ပြီးသား ပန်းကိုဆောင်၍ ကိစ္စအတွက်သွား လိုသောအခါ မိမိသွားဖို့ အရပ်ကစ၍ အရပ်လေးမျက်နှာတွင် ရှိကြသော သတ္တဝါအပေါင်းကို တကယ့်စေတနာဖြင့် မေတ္တာပို့ ပြီးသွားလေ အမှန်အောင်မြင်၏ ။ အကျိုးတရားများစွာ ကျန်သေး၏ ။ မှတ်ချက် ။ ။ ဤမန္တန်သည် ပျောက်ကွယ်လုနီးပါးဖြစ်နေ သောရှားပါးမန္တန်ကောင်းတစ်ပုဒ်ဖြစ်သည်။

ဓာတ်လေးပါးအသက်ရှူနည်း

ဓာတ်ကြီးလေးပါးအပေါ်အခြေခံ၍ အသက်ရှူလေ့ကျင့်ခန်းအားတရားထိုင်သော ပုံစံဖြင့် တစ်မျိုးလျှင် ( ၅ ) မိနစ်ကြာလေ့ကျင့်နိုင်သည် ။ ၁။ မြေဓာတ်ကိုယ်စားပြုအသက်ရှူနည်း ****************************** နှာခေါင်းမှတဆင့်ဝင်သက်လေရှူပေးပါ ။ ထွက်လေကိုလည်းနှာခေါင်းမှတဆင့်ထုတ်ပေးပါ ။ ၂။ ရေဓာတ်ကိုယ်စားပြုအသက်ရှူနည်း ******************************* ဝင်သက်အားနှာခေါင်းမှတဆင့်ရှူသွင်းပြီး ဝ ပုံစံဖန်တီးပြုလုပ်လိုက်သောပါးစပ်ပေါက်မှ ထွက်သက်လေကိုထုတ်ပါ ။ ၃။ မီးဓာတ်ကိုယ်စားပြုအသက်ရှူနည်း ***************************** လျှာအားအပေါ်သို့လှိမ့်တင်၍ ယင်းလှိမ့်ထားသော လျှာပေါ်မှလေကိုရှူသွင်းပါ ။ ထွက်သက်လေအား နှာခေါင်းမှတဆင့်ထုတ်ပေးပါ ။ ၄။ လေဓာတ်ကိုယ်စားပြုအသက်ရှူနည်း ******************************* ဝ ပုံစံဖန်တီးထားသောပါးစပ်ပေါက်မှလေကိုရှူသွင်းပြီး ယင်းအနေအထားအတိုင်းလေကိုပြန်ထုတ်ပါ ။ မှတ်ချက် ။ ။ ပညာရှင်များနှင့်ဝါသနာရှင်များ မိမိတို့ မိမိတို့ ဥာဏ်ရှင်သလိုအသုံးပြုနိုင်ရန် ကျွန်ုပ်၏ မနစက္ကနာနာမဟိဒ္ဓိစေပညာ ထဲမှပညာမှတ်တမ်းတစ်ခုအား ဖွင့်ဖော်ပြသည် ။

Wednesday, April 5, 2017

လိုသူကိုခေါ်နိုင်သောမန္တန်

ဥမ် သူရံ သူရံ စန္ဒာရာဇာနံ ရာဇာဒေဝီရာ ရာဇကုမ္မာ ရောဝါ ဣတ္ထိပူရိသောဝါ ဧက စိတ္တံ ပီယံ ဟောန္တု မံ သွာဟ ဤမန္တန်ကို မိမိမွေးနေ့မှအစပြု ( ၇ ) ရက်တိတိ မိမိခန္ဓာကိုယ်တွင်းသွင်းသော အစားအစာ ရေ စသည်များကို ( ၃၇ ) အုပ်မန်း၍ စားသောက်ပါ။ နေ့စဉ် ရွတ်ဖတ်ပါ ။ ထုံထားပါ ။ ( ၇ ) ရက်ပြီးလျှင် မိမိလိုသောသူကိုကြည့်ကာ မန္တန် ( ၇ ) အုပ်မန်းပါ ။ ထိုသူမိမိဆီလာလျှင်အောင်၏ ။ မအောင်လျှင် ( ၇ ) ရက်ဆက်ဝင်ပါ ။