Friday, October 7, 2016

သူရသတီဆုတောင်းဂါထာ

ဥုံ ဥသျှောင်ပါးနား နှုတ်ဖျားလျှာက စောင့်ထ သူရသတီ အညီမကွာ လိုရာတ တိုင်းရစေသော် ဥုံ ငါ၏အသံ တရံကြားက သားနှင့်အညီ ညီနှင့်အမျှ အမအလား ချစ်တွေပွားကာ စီးပွားဥစ္စာ ငါ့ကိုဆောင်စေသော် ဥုံ တာယာသိဒ္ဓိ ဝန္ဒာမိ လေးကျွန်း လေးမျက်နှာ နေမင်းကား ငါ့ အဖ လမင်းကား ငါ့ အမိ သွားလေရာရာ မဟာဂီရိနတ်မင်းကြီးသမီး မစေသော် ဥုံ တုဋ္ဌေဟိ တုဋ္ဌေဟိ မမ တုဋ္ဌေဟိ ပိယေဟိ ပိယေဟိ မမ ပိယေဟိ တုယှံ တုယှံ ခိပ္ပသိဒ္ဓိ ခိပ္ပသိဒ္ဓိ ဓာရေယျ ဓာရေယျ ဝါရေယျ ဝါရေယျ ဖုဋ္ဌသ ဖုဋ္ဌသ ဗန္ဓတ္တ ဗန္ဓတ္တ ဓူရေ ဓူရေ သွာလေဟုံဟုံ ။ ဤဆုတောင်းဂါထာအား နံနက် အိပ်ယာထ ( ၇ ) ခေါက် ညအိပ်ယာဝင် ( ၇ ) ခေါက် နေ့စဉ်မပျက် ရွတ်ဆိုပေးပါ စီးပွားရေး လူမှုရေး ပညာရေး အချစ်ရေး အစစအရာရာ မိမိတို့၏ ဘဝလမ်းခရီးတွင် အခြားသူထက်ပိုမို၍ အောင်မြင်စေမည် ဖြစ်သည် ။

ဓာတ်ကိုးပါး ကျင့်စဉ်

၁။ ခန္ဓာ နှင့် ဋ္ဌာန သန့်ရှင်း ၂။ စိတ္တဝိသုဒ္ဓိ ဖြစ်ရန်လိုအပ် ၃။ နုဿတိလေးပါး ( ဗုဒ္ဓ ၊ မရဏ ၊ အသုဘ ၊ မေတ္တာ ) ၄။ အာနာပါန အလင်းနိမိတ်ထိရအောင်လုပ် ၁။ သူရိယနေမင်း ( အပူ တေဇော ) ၂။ စန္ဒာလမင်း ( အေးမြ ) ၃။ ပထဝီ ( ကမ္ဘာမြေကြီး ခိုင်ခန့်မှု ) ၄။ အာပေါ ( ရေပြင် ) ၅။ ဝါယော ( လေ ) ၆။ အာကာသ ( ဟင်းလင်းပြင် ) ၇။ အမြူတေဓါတ် ( ပရာဏ ) ၈။ လျှပ်စီး ( မိုးကြိုး ) ၉။ အရိယာ ( ဘုရား ၊ ရဟန္တာ ၊ သူတော်စင် ) ၁။ တောင်ပေါ်မှာထိုင်ကျင့်တဲ့နိမိတ်ယူ ပိုကောင်း၏ ။ ၂။ သီလ သမာဓိ ပညာ မရှိပဲ မကျင့်ရ ။ ၃။ အရိယာ = ဒေဝတာနုဿတိ ( မြုပ် ) ။ ၄။ အာနာပါနကို ၃ ဆင့်လောက်အထိအရင်ကျင့်ထားပါ ( သတိ ၊ တိုရှည် ၊ စလယ်ဆုံး ) ၅။ မရဏနုဿတိ = သေတတ်သောသဘော ၆။ အသုဘဘာဝနာ = ပျက်စီး အနှစ်သာရမရှိ ရွံစရာ ၇။ ဓာတ်တွေကို မြင်အောင်ကြည့် စိတ်နဲ့ဆွဲယူပြီး မိမိကိုယ်မှာ တည်ကိန်းပျံ့နှံ့နေမှုကို လေ့ကျင့်ပါ ။ ၈။ သီလဝိသုဒ္ဓိ လိုအပ်သည် ။ ၉။ ရှေးဟောင်းပွဲကျောင်းဆရာများလေ့ကျင့်သော ပညာတစ်ခုလဲ ဖြစ်၏ ။ ၁၀။ ပွဲကျောင်းဆရာကြီးများက နဝရတ်ကိုးပါးကျင့်စဉ် ဟုခေါ်ကြသည် ။ ၁၁။ အကျိုးကား မကုန်နိုင် ။

Wednesday, September 21, 2016

ပီယသိဒ္ဓိဆေး

ယုန်ဂျို လိပ်မွှေး ပုဇွန်သွေး နှင့် ချီးပင်အမြစ်လက်တစ်ဆစ် ဟု မည်ရှိခေါ်ညား မျိုးလေးပါးကို ညီတူရောယှက် သွေးနှောခပ်သည် ပီယနတ်ဆေး အကျော်တည်း ။

Thursday, August 25, 2016

နာမ်လောကနှင့်ဆက်သွယ်သော ကျင့်စဉ်

ပထမဦးစွာမိမိမွေးနေ့၌ မိမိနေထိုင်သောအိမ်တွင် ညအခါ၌ တိတ်ဆိတ်ငြိမ်သက်စွာထိုင်၍ မိမိခန္ဓာကိုယ်တစ်ခုလုံး၏ အတွင်းပိုင်း ခေါင်းမှခြေဖျားအထိ စိတ်အာရုံဖြင့် ခံစားပြီးကြည့်ပါ။ ထပ်ခါထပ်ခါကြည့်ပါ။ တဖြည်းဖြည်း ခန္ဓာအတွင်းပိုင်းကိုမြင်လာရလိမ့်မည်။ အူ အသဲ နှလုံး အကြော စသော အတွင်းပိုင်း ခန္ဓာအစိတ်အပိုင်းများကို မြင်အောင်ကြည့်ပါ။ ထိုအကျင့်ကို တစ်ပတ်လေ့ကျင့်ပါ။ တစ်ပတ်လေ့ကျင့်ပြီး နောက်နေ့ မိမိမွေးနေ့ ညနေပိုင်း တွင် နတ်ရဲသစ်ပင်ကြီးတစ်ပင်ဆီသို့သွား၍ အမွှေးတိုင်သက်စေ့ လှူဒါန်းပြီး နာမ်လောကနှင် မိမိဆက်သွယ် ပေါင်းကူးလိုကြောင်း ဆုတောင်းဆန္ဒပြုပါ။ ထိုည၌ လေ့ကျင့်ရမည်မှာ မိမိအိမ်အပြင်ဘက် အမိုးအကာမရှိသောနေရာသို ညသန်းခေါင်တွင် သွားပါ။ ခြံဝင်းကျယ်လျှင် မိမိခြံအတွင်း ပြုလုပ်နိုင်သည်။ ရောက်လျှင် မြေကြီးပေါ်တွင် ထောင့်လေးထောင့်သက်မှတ်၍ သစ်သားငုတ် လေးငုတ်စိုက်ပါ။ ထိုလေးငုတ်၏ အလယ်ဗဟိုတွင် တစ်ငုတ် ကိုခပ်မြင့်မြင့်စိုက်ပါ။ အားလုံးပေါင်း ( ၅ ) ငုတ်ပါ။ ထို့နောက်ထိုငုတ်များအားလုံးကိုအပ်ချည်ကြိုး ချည်ကြိုးစစ်စစ်ဖြင့် ပတ်လည်ဆက်သွယ်ချည်ပါ။ ဘေးထောင့် တစ်ထောင့်ကိုချည်ပြီးလျှင် အလယ်ဗဟိုကို တစ်ခါဝင်ချည်ပါ။ ထိုအခါ ဖြစ်နေသောပုံစံမှာ အိမ်လေးတစ်အိမ်ကဲ့သို့ဖြစ်နေမည်။ ကြိုးက အားလုံး အရပ်လေးမျက်နှာ လေးကြိုး ၊ အတွင်းဗဟိုသို့ သွားသောကြိုး လေးကြိုး ဖြစ်၍ အားလုံး ( ၈ ) ကြိုးပါ။ ကြိုးအိမ်စည်းကို ပြင်ဆင်ပြီးလျှင် ရာဟု( အနောက်မြောက် ) ဒေါင့်၌ ရှိသောငုတ်ဘေးသို့ အမွှေးတိုင်သက်စေ့ထွန်းပါ။ ပြီးလျှင် တောင်အရပ်မျက်နှာက ကြိုးအိမ်အတွင်းသို့ ဝင်ရောက်၍ အလယ်ငုတ်ကို မျက်နှာပြုထိုင်ကာ မျက်စိမှိတ်ထားပါ ။ စိတ်ကိုငြိမ်ငြိမ်ထားပါ ။ ဘာမှမတွေးမကြံနေပါနှင့် ငြိမ်ငြိမ်လေးပဲ ထိုင်နေပါ။ နာမ်လောကသားများလာရောက်ဆက်သွယ်ပါလိမ့် မည်။ မကြောက်ပါနှင့် သူတို့သည် မိမိ၏ အမူအကျင့်ဆန္ဒတွေကို သိသည်။ ထို့အတွက်ကြောင့် မိမိလိုလားနေသော ကိစ္စရပ်များ မိမိသိချင်နေသောကိစ္စများကို ပြောကြလိမ့်မည်။ မိမိ ကျင့်စဉ်သိမ်းချင်သောအခါ အာရုံကို ဖြေလျော့သတိထား၍ မျက်စိဖွင့်ပါ။ ပြီးလျှင် ကြိုးအိမ်အပြင်သို့ထွက်၍ ထိုငုတ်များကိုပြန်ဖြုတ်ပါ။ ကြိုးများကို သိမ်းထားပါ ။ နောက်ရက်များ၌ ဆက်တိုက်ဝင်ပါ ။ အားလုံး ( ၄၉ ) ရက်ဖြစ်သည်။ ထိုရက်အတွင်း နာမ်လောကအကြောင်းများ တစ်နေ့ထက်တစ်နေ့နားလည်လာပါလိမ့်မည် ။ စေခိုင်း၍ ရ၏ ။ အကျဉ်းကိစ္စပြီး၏ ။ ### မှတ်ချက် ။ ။ ဤ ပညာသည် ရှေးအခါက နာမ်လောကအကူအညီယူလိုသူများဆက်သွယ်နည်း မှော်တစ်မျိုးဖြစ်သည်။ ယခုခေတ်အခါ၌ နှစ်လုံး / သုံးလုံး ထီ ဘိုးတော်များ ကျင့်ကြံကြတယ် ။ပျောက်ကွယ်နေသော ပညာတစ်မျိုးဖြစ်သည် ။ ငုတ်ကို ကသစ်သားဖြင့်ပြုလုပ်ရမည် ။ ပညာပါရမီအဖြစ် ဖွင့်ဖော်ပြပါသည်။

နကျယ်အိမ်ပီယစီရင်နည်း

အချို့အိမ်တွေ တံတားတွေ လှေကားစတာတွေမှာ မြေနဲ့ပြုလုပ်ထားတဲ့ နကျယ်ကောင်လေးတွေရဲ့ အိမ်ကို မြင်ဖူးမှာပါ ။ အဲ့ဒီ နကျယ်ကောင်လေးတွေရဲ့ သားကောင်ပေါက်ပြီးသားအိမ်ဟာ လောကီပညာမှာ အလွန်အသုံးဝင်ပါတယ် ။ နကျယ်တွေရဲ့သဘာဝက ထူးဆန်းတယ် ။ မြေနဲ့အိမ်လုပ်ပြီးရင် အပေါက်ကလေးတွေဖောက်တယ် ။ ပြီးရင်အခြားက မျိုးမတူတဲ့ ပိုးလောက်တို့ ပျားတို့ ပိုးယားတို့ အစရှိတဲ့ အကောင်ငယ်လေးတွေကို ဖမ်းလာပြီး သူ့အိမ်အပေါက်ထဲထည့်ကာ ရွှံ့နဲ့ အသေပိတ်ပစ် လိုက်တယ် ။ ပြီးရင်အဲ့အိမ်နားကိုပတ်ပြီး သုံး ၊ လေး ရက်လောက်မန္တန်ရွတ်တယ် ဒီလိုလဲလုပ်ပြီးရော ငါးရက် တစ်ပတ်နေရင် အထဲက အကောင်ဟာ မြေသားကိုဖောက်ပြီး အပြင်ကိုထွက်လာတယ် ထွက်လာတဲ့အခါမှာ သူထည့်ထားတဲ့အကောင်မဟုတ် တော့ပဲ သူလိုမျိုးနကျယ်ကောင်လေးအဖြစ်ထွက်လာ တယ်။ မျိုးဗီဇမတူတဲ့ အကောင်ကိုတောင် သူ့လို နကျယ်ကောင်လေးဖြစ်လာအောင်ပြုလုပ်နိုင်တဲ့ အိမ်ဟောင်းလေးဟာ အခြားသူကိုကိုယ့်အကြိုက်ဖြစ် စေမယ့်အစီအရင်အတွက်မရှိမဖြစ်လိုအပ်တဲ့အထောက်အကူပစ္စည်းတစ်ခုပါပဲ ။ အဲ့ဒီနကျယ်ကောင်လေးဟာ အခြားမျိုးမတူတဲ့ အကောင်ကိုဖမ်းပြီးမြေပေါက်ထဲထည့် အပေါက်ပိတ် အပြင်ကနေပျံဝဲနေပြီးရွတ်ဆိုတဲ့မန္တန်ဟာ - ( ဓီးဓီး မဟာဓီးဓီး အိနဝံကာ အီဓီး ဓီးဓီး ) ဖြစ်ပါတယ်။ လောကီပညာရှင်တွေကတော့ ဥုံ ခံပြီးရွတ်ဆိုကြတယ်။ အဲ့ဒီနကျယ်အိမ်ဟောင်းကို ဘယ်လိုစီရင်ရမလဲဆိုတော့ ခွက်သန့်သန့်တစ်ခုထဲကို အဲ့ဒီနကျယ်အိမ်ဟောင်းကိုထည့်ပြီး ရေနှင့်ဖျော်ပါ။ ဖျော်သောအခါ ဟင်္သပြဒါးရောလျှင်ပို၍ကောင်း၏ ။ ပြီးရင် စာရွက်အဖြူတစ်ရွက်မှာ မိမိအလိုရှိတဲ့သူနာမည် မိမိအလိုရှိရာစေခိုင်းချက် စတာတွေကို အဲ့နကျယ်မြေနဲ့ သေချာစွာရေးပါ။ ပြီးလျှင် အဲ့စာရွက်ကို ခုန နကျယ်တွေရွတ်ဆိုတဲ့ မန္တန်နဲ့ အခေါက် ၁၀၀၀ ရွတ်ပါ။ ဒါကို တစ်ပတ်တိတိ ပြုလုပ်ဆောင်ရွက်ပါက မိမိရေးသားထားသည့်အတိုင်း အောင်မြင်ပါလိမ့်မည်။ စိတ်ချယုံကြည်စွာဆောင်ရွက်ပါ ။ မကောင်းသောစေခိုင်းချက်များကိုမရေးရပါ ပြန်လည်၍ခိုက်တတ်သည် ။ ဤပညာကို ပီယကိစ္စအတွက်အများစုအသုံးပြုကြသည် လက်ထိပ်ခြေကျဉ်းကျွတ်စေရန်ကိစ္စအတွက်လဲ ဥာဏ်ရှိသလိုသုံးကြ၏ ။ မန္တန်ကိုစမ်းလိုလျှင် ပုဇွန်တွင်းဝသို့ ဤမန္တန်ဖြင့် ၃၇ ခေါက်ရွတ်ပါက ပုဇွန်သည် တွင်းပြင်သို့ ထွက်လာ၏ ။ #### မှတ်ချက် ။ ။ နကျယ်အိမ်ကိုယူလျှင် ဘုရားစေတီ၌ ရှိသောနကျယ်အိမ်ဟောင်းကိုယူ၍ စီရင်ပါက ပို၍မြန်ဆန်စွာအောင်မြင်၏။

ယောပညာထဲက ချစ်သူခေါ်နည်း တစ်နည်း

ဖဲထုတ် တစ်ထုတ်ထဲမှ ညှင်းဖဲနံပါတ် ( ၉ ) ၌ မိမိချစ်သူအမည်ကို ရေးပါ။ သချိုင်းသို့သွား၍ ဂူတစ်ဂူကို ထိုဖဲချပ်ဖြင့် ( ၇ ) ချက်ထိပါ ။ မိမိချစ်သူ မိမိဆီပြန်လာ၏ ။

Tuesday, August 23, 2016

ဂန္ဓာရီပညာတောင်းမန္တန်

ဥုမ် အဂဲ့ ဘဂဲ့ ဒေဝီ ဘာဂဲ့ စွာရီ ယာယှီယာ ယာယှီယာ ယာသစ်စရော ယာသစ်စရော ဆွဟ ### မန္တန်၏လိုရင်းအဓိပ္ပါယ်မှာ လောက၏လျှို့ဝှက်နက်နဲ သောအတတ်ပညာများကို တောင်းခံသောသဘောပင် ဖြစ်လေသည် ### နံနက်နေထွက်ချိန်နေကိုကြည်၍လည်ကောင်း ၊ ညနေနေဝင်ချိန်နေကိုကြည်၍လည်ကောင်း ၊ ခုနှစ်ခေါက်နေ့စဉ်ရွတ်ပါ ။ မုချထူးခြားမှုရှိစေပါသည်။

Thursday, August 18, 2016

ပရလောကအားမြင်နိုင်စေသောမန္တန်

ဥုံ ဆွာဟာ စိန္တံ ပန္တံ ဝိညံ စက္ခု သုပန္ဆာ မေတ္တာ အမင်္ဂလံ ပယောဂံ ပါပါဥုံ နသ ဥစ္စိနာ ဘဇာ စက္ခုယံ ဝိညံ ### ဤမန္တန်အား ည ( ၉ ) နာရီမှာ ညသန်းခေါင် ( ၁၂ ) နာရီအထိ ရွတ်ဆိုရမည် ။ ထိုရွတ်ပြီးသောအချိန်မှစ၍ မိုးသောက်ယံအထိ ပရလောကအားမြင်နေရမည်ဖြစ်သည် ။ အလိုရှိသလိုဥာဏ်နှင့်ယှဉ်သုံးနိုင်သည် ။ မမြင်ချင်တော့ပါက ဘုရားပန်းအိုးမှ ရေနှင့် မျက်နှာသစ်ပါ ။ ကြောက်တတ်သူများ မရွတ်သင့်ပါ ။

ဝိဇ္ဇာဓိုရ်အဖြစ်ထိ အောင်မြင်နိုင်သော ဓာတ်လေးပါး ဂါထာတော်

( မီးဓာတ်ဂါထာ ### စတုတန္တေ ဇနော ခန္တု ၊ စတုပါဒါယ မာပကော ၊ စတုပါဒေါ ဝရော ဗုဒ္ဓေါ ၊ စတုသစ္စော နဝ ဗောဓော ) ( လေဓာတ်ဂါထာ ### ကရောတိ ဘဝေါ နာထ ၊ ကတပုည သာဓုဇနာ ၊ ထေသိ ပူဇိတံ ကတံ ကတံ ၊ ကရေတိမ် သတိမေ ဇနာ ) ( ရေဓာတ်ဂါထာ ### ဘဂဝတော ဘဂ္ဂဒေါသော ၊ ဘဂ္ဂမောဟော အနာသင်္ဂါ ၊ ဘဂ္ဂသ ပါပကာ ဓမ္မာ ၊ ဘဂဝါ တေန ဝုစ္စတိ ) ( မြေဓာတ်ဂါထာ ### သမ္မာသမ္မဉ္စသမ္မုဒ္ဓေါ ၊ သမ္မာဒေတိ မဂ္ဂေ ဇိနော ၊ သဒ္ဓမ္မရံ သိယလောကေ ၊ သဗ္ဗဓမ္မံ ဝိနောဒတိ ) *** သိဒ္ဓိ အကျဉ်း ( ၁၀ ) ပါး ၊ အလတ် ( ၃၀ ) ပါး ၊ အကျယ် ( ၁၂၀ ) ပါး နှင့် လိုရာကိစ္စပြီးစီးစေ၏ ။ ဥာဏ်ရှိသလို အသုံးပြု ပါ ။

Wednesday, August 17, 2016

မန္တန် နှင့် ကံကောင်းစေနည်း

မိမိကြားလိုက်ရသောအသံ၏ အက္ခရာအစနဲ့သက်ဆိုင် သောမန္တန်ကို ( ၇ ) ခေါက်ရွတ်ဆိုလိုက်ရမှာဖြစ်ပါတယ်။ ထိုသို့ရွတ်ဆိုခြင်းကြောင့် ကောင်းခြင်းအဖြာဖြာသည် မိမိထံသို့ ရောက်ရှိလာလတ္တံ့ … ### က = ကပ္ပိယံ ကရောဟိ / ခ = ခမတိ သံဃသ / ဂ = ဂယာဝါသော မောဃကလော / ဃ = ဃဋီကာရဂေဟံ ကပ္ပဋ္ဌိဘိကံ / င = ငါ၏ဆရာ သမ္မာသမ္ဗုဒ္ဓ / စ = စန္ဒောသီတလံ စဏ္ဌာပါပံ / ဆ = ဆန္ဒံ မေဒေဟိ ဆန္ဒံ မေဒေဟိ / ဇ = ဇယန္တော ဇိနော / ဈ = အဇ္ဈာသယဥာဏော / ည = ညာတဗ္ဗံဥေယျံ / ဋ = နဋောနစ္စော / ဋ္ဌ = ဋ္ဌာတုသစ္စေ ဋ္ဌာတုဂတေ / ဍ = ကုဏ္ဌာလော သောဘတေ / ဍ္ဎ = ဝဍ္ဎကိဂေဟံ ကတံ / ဏ = ဂေါဏော ဘာရိကော / တ = တေမိကုမာရော မဟာသတ္တော / ထ = ထဒ္ဓေန ထန္ဓံ သာဓု / ဒ = ဒဠေန ဒဠောသာဓု / ဓ = ဓမ္မာ ဓမ္မေတိ အတိဒုလ္လဘော / န = နန္ဒီရာဂံ ဝဍ္ဎတိ / ပ = ပညဓိကံ ဗုဒ္ဓပူဇေမိ / ဖ = ဖဂ္ဂုနောမာသော အာဒိပ္ပေါ / ဗ = ဗန္ဓောဂ မာရော / ဘ = ဘဂဝါ ဗုဒ္ဓေါ / မ = မာနော ဒုဋ္ဌော / ယ = ယသာ ယသ္မတော ခမတိ / ရ = ရတနတ္တယံ ရတနတ္တယံ / လ = လက္ခဏုပေတာ ဗတ္တိသာ / ဝ = ဝရဓမ္မာ ဓမ္မာတာတိ / သ = သစ္စေန သမော နတ္တိ / ဟ = ဟေတုပစ္စယော ဒိကံ စတုဝိသံ / ဠ = မုဠော မာနော / အ = အရဟာတာဒိ နဝဂုဏံ သမ္ပန္နံ

Saturday, August 6, 2016

နောရှစ်တန် ဣရှစ်တန်ဂါထာတော်

နော ရဇ္ဈတိ ရဇ္ဈမာနေ နနော နနော ဥတ္တမော မာနေ နနော နနော ဘုမ္မိ ရာဇာနော နနော ဣတိသော ဣတိပိသော ဘဂဝါ ဝုတ္တာ ဣတိမန္တာ သုခါဝဟာ ဣတိ ဗုဒ္ဓေဟိ သရဏံ သဗ္ဗေ ဒေဝါ ပိယံ မမ ဣတိ ဓမ္မေဟိ သရဏံ စတုရာဇာ ပိယံ မမ ဣတိသံဃေဟိ သရဏံ သဗ္ဗေရာဇာ ပိယံ မမ ဣတိရတန သရဏံ ပုရိသ ဣတ္ထိယာ ပီယံ မမ ဣတိသဗ္ဗေ အန္တရာယော ဝိနသန္တု အသေသတော ။ ။ ဤ မန္တန်သည် နေ့စဉ်ထုံနေအောင်ရွတ်ဖတ်ပါက အဘိဥာဏ်ဓာတ်အထိ ပေါက်မြောက်ခံစားရစေ၏ ။

သဗ္ဗဇော်ဂျီမန္တန်

သြောင်း သဗ္ဗ ဇော်ဂျီ တပသီ ဝိဇ္ဇာဓိုရ် ဘယ ဒသာဝီ သံလံ ဟောတိ မဟိဒ္ဓိကာ နာနာ သိပ္ပံ နာနာ ရူပံ နာနာ ဣစ္ဆံ နာနာ မန္တံ နာနာ ဥာဏံ နာနာ စိန္တံ နာနာ ဘောဂံ နာနာ လာဘံ နိပ္ဖါဒေန္တု ယံ ယံ ဣစ္ဆာ သမိဇ္ဈန္တု သြောင်း သမြွံ / ဤမန္တန်သည် အလိုရှိရာကိစ္စအဝဝကိုအောင်မြင်စေသည်။ ရေတစ်ခွက်ကို ( ၇ ) အုပ်မန်းသောက်ပါလေ ။

Saturday, July 23, 2016

ရုက္ခမူမှော်မန္တန်

{ အနန္တ ဂုဏ သမ္ပန္န အနန္တ သမ္မာသမ္ဗုဒ္ဓါ နံ အနန္တ ဗုဒ္ဓ တေဇေန အနန္တ ဗလေန အနန္တ အာနုဘာဝေန အာကာသဒေဝါ အာဂစ္ဆ န္တု ဘုမ္မာဒေဝါ အာဂစ္ဆ န္တု ရုက္ခဒေဝါ အာဂစ္ဆ န္တု သဗ္ဗေဒေဝါ အာဂစ္ဆ န္တု လောကပါလာဒေဝါ အာဂစ္ဆ န္တု သဗ္ဗဗြဟ္မာ အာဂစ္ဆ န္တု ဣဓဋ္ဌာနေ ပတိဋ္ဌတု ခိပ္ပ မေဝ ယထာကာမံ မမံ ရက္ခန္တု သဗ္ဗဒါ အနန္တ ဥာဏ သမ္ပန္န အနန္တ သမ္မာသမ္ဗုဒ္ဓါ နံ အနန္တ ဗုဒ္ဓ တေဇေန အနန္တ ဗလေန အနန္တ အာနုဘာဝေန အာကာသဒေဝါ အာဂစ္ဆ န္တု ဘုမ္မာဒေဝါ အာဂစ္ဆ န္တု ရုက္ခဒေဝါ အာဂစ္ဆ န္တု သဗ္ဗေဒေဝါ အာဂစ္ဆ န္တု လောကပါလာဒေဝါ အာဂစ္ဆ န္တု သဗ္ဗဗြဟ္မာ အာဂစ္ဆ န္တု ဣဓဋ္ဌာနေ ပတိဋ္ဌတု ခိပ္ပ မေဝ ယထာကာမံ မမံ ရက္ခန္တု သဗ္ဗဒါ အနန္တ သိဒ္ဓိ သမ္ပန္န အနန္တ သမ္မာသမ္ဗုဒ္ဓါ နံ အနန္တ ဗုဒ္ဓ တေဇေန အနန္တ ဗလေန အနန္တ အာနုဘာဝေန အာကာသဒေဝါ အာဂစ္ဆ န္တု ဘုမ္မာဒေဝါ အာဂစ္ဆ န္တု ရုက္ခဒေဝါ အာဂစ္ဆ န္တု သဗ္ဗေဒေဝါ အာဂစ္ဆ န္တု လောကပါလာဒေဝါ အာဂစ္ဆ န္တု သဗ္ဗဗြဟ္မာ အာဂစ္ဆ န္တု ဣဓဋ္ဌာနေ ပတိဋ္ဌတု ခိပ္ပ မေဝ ယထာကာမံ မမံ ရက္ခန္တု သဗ္ဗဒါ အွံ ဗုဒ္ဓ ဂုဏေန ဗုဒ္ဓ တေဇေန ဗုဒ္ဓ ဗလေန ဗုဒ္ဓ အာနုဘာဝေန အာကာသဒေဝါ အာဂစ္ဆ န္တု ဘုမ္မာဒေဝါ အာဂစ္ဆ န္တု ရုက္ခဒေဝါ အာဂစ္ဆ န္တု သဗ္ဗေဒေဝါ အာဂစ္ဆ န္တု လောကပါလာဒေဝါ အာဂစ္ဆ န္တု သဗ္ဗဗြဟ္မာ အာဂစ္ဆ န္တု ဣဓဋ္ဌာနေ ပတိဋ္ဌတု ခိပ္ပ မေဝ ယထာကာမံ မမံ ရက္ခန္တု သဗ္ဗဒါ အွံ ဓမ္မ ဂုဏေန ဓမ္မ တေဇေန ဓမ္မ ဗလေန ဓမ္မ အာနုဘာဝေန အာကာသဒေဝါ အာဂစ္ဆ န္တု ဘုမ္မာဒေဝါ အာဂစ္ဆ န္တု ရုက္ခဒေဝါ အာဂစ္ဆ န္တု သဗ္ဗေဒေဝါ အာဂစ္ဆ န္တု လောကပါလာဒေဝါ အာဂစ္ဆ န္တု သဗ္ဗဗြဟ္မာ အာဂစ္ဆ န္တု ဣဓဋ္ဌာနေ ပတိဋ္ဌတု ခိပ္ပ မေဝ ယထာကာမံ မမံ ရက္ခန္တု သဗ္ဗဒါ အွံ သံဃ ဂုဏေန သံဃ တေဇေန သံဃ ဗလေန သံဃ အာနုဘာဝေန အာကာသဒေဝါ အာဂစ္ဆ န္တု ဘုမ္မာဒေဝါ အာဂစ္ဆ န္တု ရုက္ခဒေဝါ အာဂစ္ဆ န္တု သဗ္ဗေဒေဝါ အာဂစ္ဆ န္တု လောကပါလာဒေဝါ အာဂစ္ဆ န္တု သဗ္ဗဗြဟ္မာ အာဂစ္ဆ န္တု ဣဓဋ္ဌာနေ ပတိဋ္ဌတု ခိပ္ပ မေဝ ယထာကာမံ မမံ ရက္ခန္တု သဗ္ဗဒါ အစိန္တေယျ ဥာဏ သမ္ပန္နဿ အပ္ပမေယျ ဥာဏ သမ္ပန္နဿ အနန္တ ဥာဏ သမ္ပန္နဿ အနန္တဂုဏ သမ္ပန္နဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ဒွတ္တသမ္ပန္နသ မဟာပုရိသ လက္ခဏာ နုဘာဝေန သီတာနုဗျဉ္စနာ နုဘာဝေန ဆဗ္ဗဏ္ဏရံသိယာ နုဘာဝေန ဆဋ္ဌာတိညာ နုဘာဝေန ဒသဗလ ဥာဏာ နုဘာဝေန နဝသမပေတ္တိတာ နုဘာဝေန နဝလောကုတ္တတရ ဓမ္မာ နုဘာဝေန စတုသစ္စဥာဏ နုဘာဝေန စတုဝေသာရဇ္ဇဥာဏာ နုဘာဝေန ဆအသာဓာရဏ ဥာဏာ နုဘာဝေန မဂ္ဂဖလ ဥာဏ နုဘာဝေန စတုရာသီတိ သဟဿ ဓမ္မက္ခန္ဓာ နုဘာဝေန ဗုဒ္ဓဂုဏာ နုဘာဝေန ဓမ္မဂုဏာ နုဘာဝေန သံဃဂုဏာ နုဘာဝေန သဗ္ဗရောဂါ ဝိနဿန္တု သဗ္ဗအန္တရာယာ ဝိနဿန္တု ဒီဃာယာကော မယှံဟောတု သဗ္ဗေ သင်္ကပ္ပါ သမိဇ္ဈ န္တု သဗ္ဗေ ဘောဂါ ပဝတ္တန္တု သဗ္ဗကမ္မာနိ သမိဇ္ဈ န္တု အာကာသဋ္ဌောစ ဘူမဋ္ဌာ ဒေဝါ နာဂါ မဟိဒ္ဓိကာ သက္ကော ဣန္ဒော မဟာဗြဟ္မာ အမှေနု ရက္ခန္တု သဗ္ဗဒါ } ဤ မန္တန်တော်မြတ်အား တန်ခိုးကြီးဘုရားစေတီဝန်း အတွင်း၌ပေါက်သောညောင်ပင်ကြီးကြီးတစ်ပင်တွင် ရုက္ခစိုးနတ်မင်းအား သတ်သက်လွတ် မုန့်အချို များ ယိုများ အမွှေးတိုင် အလင်းတိုင်များ လှူဒါန်းပူဇော် ၍ နေ့စဉ် ( ၂၇ ) ခေါက်ရွတ်ဖတ်ပါက ရုက္ခစိုးနတ်မင်းတို့၏ အကူအညီအထောက်အပံ့များရရှိပါမည် ။ ဥာဏ်ရှိသလို အသုံးပြုနိုင်သည် ။

ဇော်ဂျီမှော်မန္တန်

၁။ ဥမ် မာ ရ သဲသဲ ဂရုဘဲ ၊ ဥမ် စိစောပေါ ပထ သွာဟ ၂။ ဥမ် စေတကဲ စေတကဲ ကဲမာရဟော မာရဟော ၊ ဥမ် စိစောပေါ ပထ သွာဟ ၃။ ဥမ် စိစော စိစော ပေါ ပထ သွာဟ ၊ ရရိရော ရုရိရော သွာဟ ၊ ဥမ် စိစော သွာဟ ၄။ ဥမ် စိဒါ စိဒါ ထောပါရိ ယာခိုင်းသောညင် သွာဟ ၊ ဥမ် စိစော ပေါ ပထ သွာဟ ၅။ ဥမ် သြုံ သွော် ဆက် ၊ ကဆက်သမ သွာဟုံ ဥမ် စိစောပေါ ပထ သွာဟ ၆။ ဥမ် သေဒေါ သေဒေါ နာရဇေ တဲသဲ ဂစ္ဆတိဟေ ၊ ဥမ် စိစောပေါ ပထ သွာဟ ၇။ ဥမ် ဂရု ဂရု သွာဟ ၊ ဥမ် စိစောပေါ ပထ သွာဟ ၈။ ဥမ် ဒသော ဘသော အံဂဟာစိုစို သွာဟ ၊ ဥမ် စိစောပေါ ပထ သွာဟ မှတ်ချက် ။ ။ ဥာဏ်ရှိသလိုသုံးနိုင်၏ ။

ဝိဇ္ဇာမဟိဒ္ဓိမဟာဗောဓိပဋ္ဌမံရူပံလင်္ကာတော်

သိမ်ဝင်သပိတ် ကွဲအစိတ်၌ ချနှိတ်ဆောင်မြောက် ရန်မျိုးပျောက်၏ မီးပေါက်လှံဓား သစ်ကျားခြင်္သေ့ ရင်ဆိုင်တွေ့က ထိပ်စခေါင်ဖျား တင်ထား၍ဟစ် ရေမှာပစ်က သောင်ထွန်းရ၏ ဒေဝမိစ္ဆာ နာနာစုန်းဖမ်း အကြမ်းသရဲ မှီစွဲကပ်က ရေတွင်ချလျက် လက်ပြန်စိမ်တိုက် မှတ်ပိုက်ထို့ပြင် ကြေးနီစင်ဝယ် တင်ယူအရုပ် လက်ဖွဲ့လုပ်၍ စုတ်လေဂုဏ်တော် သန်းခေါင်ကျော်တွင် ထင်ပေါ်ဝင်းပြောင် ကိုယ်မှာဆောင်က ဘေးကွာရ၏ ထိုမှတချက် လက်နတ်အများ တုတ်လှံဓားက အပါးတစ်ဆယ် ပြည့်ဖြိုးကြွယ်၏ တသွယ်မမှား ရွှေပြားမှာချ ခြေကစ၍ လိပ်ထတမျိုး ကြိုးလည်းမပါ နားပင်းသာပိတ် လက်ဖွဲ့လိပ်ခါ ဂါထာသရဏဂုဏ် စုတ်တုံသောင်းထောင် ဆောင်သရွေ့မှာ မြဲမကွာလျှင် ဆာယာရှိန်းအန် တတန်ခရီး အပြီးသို့ရောက် လိုရာပေါက်အံ့ အမြောက်နှင့်စိန် ချိန်၍ပစ်က မီးမရ၏ သဗ္ဗပီယာ သျှိုသုံးဖြာတည့် ဒေဝါသက္က ပုရိသနှင့် ဣတ္ထိယာမူ အတူတူပင် ချစ်ကျွမ်းဝင်၏ ရွှေစင်စင်မှာ ခတ်ခါရိုက်ငြား တင်ထား၍ချ စတုတ္တမှန်စွာ နေကဇာကို တရာရှစ်အုပ် မယုတ်မလွန် အကျိုးညွှန်သော် မိုးစွန်အထွတ် ကြယ်ကိုဆွတ်က မုချမမှား ရတုံငြားလိမ့် ဘေးများရန်ကင်း အပင်းမဝင် မီးလျှင်မလောင် ပြီးစီးအောင်အံ့ နောင်လိုရာမှု မြို့ရွာစုကို ကြည့်ရှုလိုရာ အကာထားခြင်း ကျောက်ဖြာတွင်းဝယ် ရေးလျှင်မနှောင့် အိမ်လေးထောင့်၌ နှောင့်ရန်သူမှန် ပြုလုပ်ကြံက ဘဒ္ဒကမ္ဘာ ဆုံးအောင်သာလျှင် ထွေဖြာဘေးရန် ကြံ၍မရ တဝအထူး ပေဖူးပေရွက် ရေးတုံလျက်ဘိ အဂ္ဂိမီးမြှိုက် လူတို့နှိုက်ဝယ် စုန်းတိုက်နတ်ကြမ်း သရဲဖမ်းကို တိုက်ခန်းအမှန် ဒဏ်မျိုးပြန်၏ မှတ်ရန်တစ်ချက် လက်စက်မြေနု မီးခွက်ပြုကြ ရေးချနေ့စဉ် အိမ်တွင်ထွန်းပါ ရတနာကိုးပါး စုလာငြားလိမ့် များစွာဥစ္စာ မှတ်ရာထွေပြားတောသားမိစ္ဆာ နာနာရုပ်သွင် မိန်းမမြင်က တစပုဆိုး ချရိုးမင်နက် တအက္ခရာ မတိမ်းပါနှင့် ပျားသာဖယောင်း ငါးကျပ်ကောင်းကို လက်ချောင်းရှစ်သစ် လိပ်လစ်သေချာ ပြုပြီးခါဝယ် ဥစ္စာရှိရပ် မြေမှာကပ်၍ ထွန်းလက်တုံက စောင့်သမျှကို ပို့သကိုယ်တိုင် အားလုံးပိုင်လိမ့် ရှုံးနိုင်တရား ကျမ်းစကားကို နိုင်ငြားလိုမူ ခဲမဖြူကို ချယူပြီးမှ စိန္တေယျတွင် မြှုပ်ထဆုတောင်း ပန်ရွက်ညောင်းလော့ တကြောင်းမှတ်သား ပြဒါးသံသေ ချလေပြီးမှ နဘရကို စုတ်ထငါးထောင် နှုတ်ငုံဆောင်က ဆင်ပြောင်ဆယ်စီး အင်အားကြီးလိမ့် တနည်းတလီ မြေမှီမနင်း ကောင်းကင်တွင်း၌ မင်းဝိဇ္ဇာကျော် သူရောင်ပျော်လိမ့် မှော်ဝင်စုန်းနတ် စက်ကြိုးဖြတ်က ပြတ်စေချင်ငြား ပေမှာသား၍ မမှားပြာယူ ထိုးမူယုတ်လိမ့် မြေဘုတ်တရပ် နှာနှပ်မျက်စဉ်း မကြွင်းအကုန် စီရင်တုံက ချမ်းသာရလိမ့် သုခမှီထွေ ရေမှာကူးခါ ခါးမှာဆောင်လေ မေထုန်ပေါင်းဖော် ပြုသောအခါ ကိုယ်မှာမထား လွှဲရှောင်ရှားလော့ ငါးပါးအက္ခရာ ပညာပါရမီ စာဂီတရပ် ပြည့်စေလတ်၍ သူမြတ်ဆရာ မိန့်မှာခဲ့သည် ပညာနေသို့ ထွန်း၏တည်း ။

Thursday, July 21, 2016

လက်နတ်လွဲဂါထာ

အသိ သတ္တိ ဓနုစေဝ သဗ္ဗာနိ အာဝုဓာနိ စ ဘဂ္ဂ ဘဂ္ဂါ ဝိစုဏ္ဏာနိ လောမမ္ပိ မေ နဖုသရေ ။ ယင်းဂါထာကို ရွှေပြား ငွေပြား ခဲမဖြူ ပြား သွပ်ပြား စသောပစ္စည်းများ ပေါ်တွင်သေချာစွာရေးပြီး လျှင် လိပ်၍ ငါးပါးသီလဆောက်တည်ပြီး ဤဂါထာဖြင့် အခေါက် ( ၁၀၀၀ ) စုပ် ကိုယ်တွင်ဆောင်ထားပါက မည်သည့် လက်နတ်မျိုးမှမထိခိုက်နိုင်ဖြစ်ပါသည်။ သေနတ်နှင့်စမ်းသပ်ဖူးသောဂါထာဖြစ်ပါသည် ။

Wednesday, July 20, 2016

ဆရဆွတီမန္တန်

တြေပိဋကမ် ဆမ္ပုန္နံ ဆဗ္ဗဆိဒ္ဓိ ဆုခါဝဟံ
ဂျိဝှဂ္ဂေ မေ နိသျှီ ဒိတွာ မံ ဓာရေတု ဆရဆွတီ

အမှုအခင်းတရားတွေ့သော် ရေကို ( ၇ ) အုပ်မန်း
မျက်နှာသစ်သွားပါ။
မျက်နှာပွင့်လန်းလိုသော် နံ့သာဆီ ( သို့မဟုတ် )
ရေမွှေးကို ယင်းမန္တန်နှင့် ( ၇ ) အုပ်စုပ်၍
ညာဘက်လက်ဖြင့်ရေမွှေးကိုတို့ပြီး
နဖူးတည့်တည့်တွင် ( မှန်ကူ ) သုတ်သွားပါ။
အာစက် လျှာစက်ထက်မြက်လိုသော်
မိမိပြောဆိုတိုင်း အောင်မြင်လိုသော်
ကွမ်းယာ သကြားလုံး တစ်ခုခုကို ( ၇ ) အုပ်မန်း
စားသွားပါ။
လာဘ်ရွှင်လိုလျှင် မိမိအိမ်မှ အထွက်တွင် မန္တန်ဖြင့်
( ၇ ) အုပ်ရွတ်သွားပါ။ မိမိသုံးစွဲမည့်ငွေစက္ကူ
တို့ကိုလဲ ထိုနည်းအတိုင်းသုံးပါ။
မိမိအားအိမ်သားအားလုံးနှင့်တကွ အိမ်လာသမျှ
သူများချစ်ခင်စေလိုသော် သောက်ရေ
ရေနွေးကြမ်းစသည်တို့ကို ( ၇ ) အုပ်မန်းထားပါ။
ဈေးရောင်းကောင်းစေလိုသော် ကုန်ပစ္စည်းများနှင့် ပိုက်ဆံ
သေတ္တာ ဗူးခွက် စသည်တို့ကို အထက်နည်း
အတိုင်း ( ၇ ) ခေါက်မန်းထားပါ။
ခရီးသွားသော် သွားမည့်အရပ်ကို မျက်နှာမူ၍
မန္တန် ( ၇ ) အုပ်ရွတ်သွားပါ ။
မိမိစားသောက်သော ထမင်း မုန့် ပဲ အချို အချဉ်
တို့ကိုလည်း ( ၇ ) အုပ်မန်းစားပါ။
အကျိုးထူးပါလိမ့်မည်။
ကျောင်းသူ ကျောင်းသားများအနေဖြင့်
မိမိတို့၏ စာအုပ် ခဲတံ ဖောင်တိန်
စသည်တို့ကို မန္တန်ဖြင့် နေ့စဉ် ( ၇ ) ခေါက်
မန်းမှုတ်ပေးပါက ဥာဏ်ပညာတိုးပွားစေ၏။
စာမေးပွဲဖြေသောအခါ မဖြေဆိုမီ ဖောင်တိန်
ဘောပင် စာရွက် စသည်တို့ကို ( ၇ ) ခေါက်
မန်းမှုတ်ဖြေဆိုပါ။ သတိဥာဏ်ပွင့်လင်းလာမည်။
သတိမေ့သည့်အရာဟူ၍ မရှိတော့ပါ။
စာမေးပွဲကို ရွှင်လန်းစွာဖြေဆိုနိုင်မည် ။
ဤမန္တန်သည် အလွန်တန်ခိုးကြီး၍
ယုံကြည်မှုသဒ္ဓါစိတ်ဖြင့် ပြုလုပ်ပါ။
မုချထူးခြားမှုများတွေ့ရမည်ဖြစ်ပါသည် ။

Tuesday, July 19, 2016

လောကီသိဒ္ဓိများကို ပေါက်စေသောမန္တန်



ဥုံ ဣတိပိသော သုဂတော မာတာယထာ
နိယံပုတ္တာ ဧသာဥတ္တိ ဧဝမေတံ ဓာရယာမိတိ
သြကာသေ တိဋ္ဌာဟိ အရဟံ ပုဒိအာ

ခြင်္သေ့မင်းမန္တန်



သြမ္မံ မိဂရာဇာ ကေသရော
သီဟနာဒံ နဒတိ
သြ သီဟနာဒေါ ကေသရော
သြ သီဟော မိဂရာဇာ
နောဘဆံလော သီဟရာဇာ
အာ ဤ ဦ ဧ သြ
နမော ဗုဒ္ဓါ

ဤ မန္တန်တော် မြတ်ကိုရွတ်ဖတ်ခြင်းအားဖြင့်
မိမိတို့၏ အာစက်လျှာစက်ကို ထက်မြက်စေသည် ။